Wednesday, 30 December 2015

၃ နှစ်ပြည့်ခဲ့ပြီ ..

၃ နှစ်တိတိ အိပ်မက်မဆန်ပြီးဆုံးသွားတော့ အတိတ်တစ်ချို့....


၂၀၁၂ ဇူလိုင်လ..
တစ်ချိန်က ဘာကိုရွေးချယ်သင့်လဲ ဆုံးဖြတ်ရခက်ခဲ့တဲ့နေ့တစ်နေ့...

Master လောက်တော့ ပြီးသင့်တယ်ဆိုတဲ့အတွေးတစ်ခုကြောင့်.. Entrance ကို အခက်အခဲတွေ.. ပြသာနာတွေကြားကဖြေခဲ့တယ်...မှတ်မှတ်ရရ ကျောင်းသား ၂၀၀ ကျော်လောက်ထဲ.. မိမိ အပါအ၀င် ၁၀ယောက်ကျေ်လောက်.. ၀င်ခွင့်အောင်ခဲ့တယ်..
အမှန်က.. အဒေါ်တွေစကားကို မလွန်ဆန်ဝံ့လို့သာ.. အဲ့ဒီ Master ကို ၀င်ခွင့်ဖြေခဲ့ဖြစ်တာ....
ကျောင်းတတ်ခြင်းကို ခန နားမယ်ဆိုတဲ့အသိနဲ. ရေအားလျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ဖြစ်နေတာလဲ .. ၂လကျော်ပီ.... ပြောရရင် .. စိတ်ခံစားချက်အပြည့်အ၀မပါဘဲ.. Master တတ်ရမယ်ဆိုတဲ့အခြေအနေက ဖြစ်လာတယ် ဆိုပါတော့...

အဲ့ဒီအချိန်တုန်းက လက်ထဲမှာ Passport ဆိုတာလဲ အဆင်သင့်မရှိသေးဘူး..
နိုင်ငံခြားထွက် အလုပ်လုပ်မယ် ဆိုတဲ့အတွေးကတော့ ကျောင်းတတ်တည်းက ရည်ရွယ်ထားပြီးသား ဖြစ်ဘူးခဲ့တယ်...
Master က ၂ နှစ်တတ်ကိုတတ်ရမယ် ဆိုတော့.. အဲ့လောက်အချိန်ကြီးတော့ မရင်းပစ်ချင်လိုက်တာ အမှန်ပဲ...
တစ်ချို့ကလဲ.. Master ၂ နှစ်ပြီးရင်.. ဘာတွေတတ်လှမ်းရှိတယ်.. သေချာတဲ့လမ်းရှိတယ်..ဘာညာပေါ့...
တစ်ခိျို့ကလဲ.. နိုင်ငံခြားသာသွားပါ.. ဘာညာပေါ့...
အမှန်တကယ်ပြောရရင် အဲ့ဒီအချိန်တုန်းက.. အရာရာကို ကိုယ်တိုင်သေချာ မစဉ်းစား မဆုံးဖြတ်နိုင်သေးတဲ့ ကျောင်းပြီးစ 22 နှစ်....

သေချာတဲ့လမ်းကြောင်းရှိတယ်လို့ထင်ရတဲ့.. Masterကိုတတ်ဖို့ စွန့်လွှတ်တယ်..
မသေချာတဲ့လမ်းကြောင်းး .. အလုပ်ရမလား မရမလားဆိုတဲ့ နိုင်ငံခြားကို သွားဖို့လမ်းကိုရွေးခဲ့တယ်... တစ်လအတွင်း အကုန်စီစဉ်... (အဲ့ဒီအချိန်တုန်းက အစစအရာရာ အကြံပေးခဲ့ကြတဲ့ မိသားစု မိတ်ဆွေတွေ အားလုံးကိုကျေးဇူးတင်ပါတယ်) grin emoticon

အဲ့လိုနဲ့.. စင်္ကာပူ...
ကိုယ်ပိုင်ဘာသာစကားတစ်ခုအဖြစ်နဲ့ပြောဆိုကျင့်သုံးတဲ့နိုင်ငံကို 2012 ဒီလိုအချိန်မှာ ရောက်ခဲ့တယ်ဆိုပါတော့...အရာရာဟာ ၂၂ အရွယ်ခလေးမတစ်ယောက်အတွက် မျက်စိသူငယ် နားသူငယ်..... အတော်လေ့လာသင်ယူရဦးမယ်ဆိုတဲ့အတွေး.. အလုပ်မရခဲ့ရင်ဆိုတဲ့အတွေးတွေနဲ့.. အရွယ်နဲ့ မလိုက်အောင် .. စိုးရိမ်ပူပန်ခဲ့ရတယ်..

ဒီလမ်း.. ဒီနိုင်ငံမှာ စရောက်တည်းက အစစအရာရာသင်ကြားဆိုဆုံးမခဲ့တဲ့ ဦးလေး နဲ့ အဒေါ်ကို
ကျေးဇူးတင်ပါတယ်... ကိုယ်တိုင်ကိုယ်ကျ လေ့လာစရာမလိုဘဲ ကိုယ်မရင်းနှီးတဲ့နိုင်ငံရဲ့ နေမှုထိုင်မှုကို အလေ့အကျင့်ဖြစ်အောင် ပြုစုပ်ျုးထောင်ပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်...
အဲ့လိုနဲ့.. ကံဇာတာလေးကလဲ ကောင်းချင်တော့.. 7 ရက်နဲ့ အလုပ်ရခဲ့တယ်.. စလုံးရောက်ပီးး ၁၅ ရက်နေတော့ အလုပ် စ၀င်ဖြစ်တယ်... QS နဲ့ပါပဲ.....
သိပ်မကြီးလှတဲ့ မိသားစုဆန်တဲ့ Construction Company တစ်ခုမှာပေါ့...
မှတ်မှတ်ရရ.. အဲ့ဒီ Company မှာ လွန်ခဲ့သောကာလတစ်ခုအထိ ၂ နှစ်ကျော် အလုပ်လုပ်ခဲ့တယ်..
တစ်နှစ်ပြည့်ပြီးတော့.. ကျောင်းတတ်ဖို့အတွက် လေ့လာတယ်... ကိုယ့်ဝင်ငွေနဲ့လဲ အဆင်ပြေအောင်... မိသားစုအတွက်လဲ မလစ်ဟာရလေအောင်.. ၂၀၁၄ မှာ ကျောင်းတတ်ဖြစ်တယ်.. အဲ့ဒီအချိန်တုန်းက.. ကိုယ် ဆုံးရှုံးခဲ့တဲ့ Master တတ်ဖို့ စလုံးမှာ ၅ ကြိမ်တိတိ ကျောင်းဝင်ခွင့်ရဖို့ ကြိုးစားခဲ့တယ်...
အခြေအနေမပေးခဲ့ခြင်းကြောင့်..တစ်ခြား ကျောင်းတစ်ခု တတ်ဖြစ်ဖို့ပဲ.. ရွေးချယ်ဖြစ်တယ်...
အဲ့လိုနဲ့.. ၂၀၁၅ နှစ်စမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ကျောင်းပြီးသွားခဲ့တယ်..

၂၀၁၅ ခုနှစ် ၃ လပိုင်းကျောင်းပီးတဲ့အချိန်မှာ အလုပ်အသစ်ပြောင်းဖို့ စဉ်းစားခဲ့တယ်...
လက်ရှိအလုပ်ကိုလဲ သံယောဇဉ်မပြတ်.. ကိုယ့်တတ်လမ်းအတွက်ေ၇ွးချယ်သင့်တာ ရွေးချယ်ရမယ်ဆိုတဲ့အသိကလဲရှိပြန်...
နောက်ဆုံးတော့.. လူဆိုတာ.. သာတဲ့ဘက်သွားကြတယ်ဆိုသလိုပါပဲ.. ကျွန်မအလုပ်အသစ်ပြောင်းဖြစ်ခဲ့တယ်..
QS နဲ့ပါပဲ... (ကံဇာတာက ထာဝရ အထက်တန်းစားဇီဇာကြောင်သူဖြစ်စေတဲ့ ကံမျိုးလားပဲ) tongue emoticon

အဲ့လိုနဲ့ပဲ.. ဒီနေ့ ဒီချိန်ဟာ.. ကျွန်မ စင်္ကာပူကိုရောက်တာ ၃ နှစ်ပြည့်တဲ့ကာလ....
အလုပ် ၂ ခုပြောင်းတယ်....
Diploma တစ်ခုရတယ်...
ဒါတွေက .. လူရယ်လို့ ဖြစ်လာရင် လုပ်သင့်လုပ်ထိုက်လို့ ဖြစ်လာတဲ့ အကျိုးအမြတ်လို့ပဲ ကျွန်မ ခံယူပါတယ်.....
(တိုးတတ်လာတာကတော့ weight ပါပဲ )
ဒီနေ့ ဒီချိန်ထိ.. ကိုယ်ဖို့နဲ့ မိသားစုဖို့ကလွဲ ဘာဆိုဘာမှ နောက်ဆံတင်းစရာလဲ ကျွန်မ သံယောဇဉ်မထားသေးပါ.....
အဓိကကတော့ ဒီ ၃ နှစ်ကာလအတွင်း ကျေးဇူးတင်စရာတွေ အတော်များပါတယ်...
Stress သိပ်များလှတယ်ဆိုတဲ့ နိုင်ငံမှာနေ ပျော်အောင် ကူညီပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်....
စိတ်သွားတိုင်း ကိုယ်ပါနိုင်သော ကျန်းမာသော ခန္ဓာကိုယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ထိပ်တန်းမဟုတ်သော်ငြား အမှား အမှန်ခွဲခြားနိုင်၍ မကန်းသော ဥာဏ်ပညာ ရှိစေတဲ့အတွက် ကျေးဇူးတင်ပါသည်။ ချစ်တတ်သူတစ်ယောက်ဖြစ်လာအောင် လုံလောက်ရုံမက ပိုလျှံစွာ ချစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ကျွန်မ စိတ်ထိခိုက်လွယ်သော၊ နာကျင်လွယ်သော၊ ဒဏ်ရာရလွယ်သော စိတ်ဓါတ်အင်အားခပ်ပျော့ပျော့ မိန်းမတစ်ယောက်ဖြစ်ပါသည်။
ထိုစိတ်ဓါတ်အခြေခံကြောင့် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်၊ အားနာစိတ် မခမ်းခြောက်ခဲ့တဲ့အတွက် ထိုအမွေကို ကျေးဇူးတင်ပါသည်။ စိတ်အမှတ်မရှိ၊ အတေးမထားတတ်သောအကျင့်စရိုက်ကိုစွဲကပ်စေခဲ့တဲ့အတွက် ကျေကျေနပ်နပ် ကျေးဇူးတင်ပါသည်။

ကျွန်မကို ပေးခဲ့သော ကျွန်မပိုင်ဆိုင်စေသော ရုပ်ခန္ဓာ၊ စိတ်စေတနာ အရာအားလုံးကို ကျွန်မ ကျေနပ်စွာ လက်ခံပါသည်။ ကျွန်မသာ ပိုင်ဆိုင်သော ကျွန်မလုပ်ချင်တာ လုပ်ခွင့်ရှိသော ကျွန်မဘ၀ .. ထိုဘ၀ကို စောင့်ရှောက်ပေးခဲ့ကြသော ကျွန်မမိသားစုကို ကျေးဇူးတင်ပါသည်။ ဘယ်နှစ် ဘယ်ကာလ ဘယ်အချိန်မှာ အတူတူပြန်နေမယ်ဆိုတာ ကျွန်မ မစဉ်းစားထားသေးပါ။ မဖြစ်ချင်ဆုံးဆန္ဒတစ်ခုတော့ ရှိသည်။
ပျက်စီးယိုယွင်းနေသောစိတ် သို့မဟုတ် မထူနိုင် မထောင်နိုင် ချုံးချုံးကျ ကျန်းမာရေးတို့ဖြင့် မိဘကို ပြန်မှီခိုရမယ့် အခြေအနေမျိုးကိုဖြစ်သည်။ အမွေဆိုသည်မှာ ထိုက်မှသာ ခံစားခွင့်ရှိသည်ဟု ဆိုကြသည်မဟုတ်ပါလား။ ကောင်းမွန်စွာ ပေးအပ်ခဲ့သော၊ လက်ခံရရှိစေသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ ကျွန်မတာဝန်ယူကို ယူပါသည်.......
နေပျော်တဲ့နေရာထက် .. သေပျော်မဲ့နေရာကိုတော့ တစ်နေ့ ကျွန်မ ဦးစားပေးရွေးချယ်ဖြစ်မှာပါ.....
ဒီနေ့ ဒီချိန်ထိ.. ရထားတဲ့နေရာသေးသေးသေးလေးတစ်ခုအတွက်.. အားလုံးကို ထုတ်ဖော်ပြောဖို့စကားလုံးမရှိလောက်အောင်ကို ကျေးဇူးတင်ပါတယ်.......
အချိန်တွေက ဘာမှန်းမသိလောက်အောင် သိပ်မြန်လွန်းလှပါတယ် !!!
😊😊😊😊😊😊

Charlotte
၁၄-၀၇-၂၀၁၅

No comments:

Post a Comment