Wednesday, 30 December 2015

စင်္ကာပူ Work Permit မှသည် S Pass ဆီသို့..

စင်္ကာပူ Work Permit မှသည် S Pass ဆီသို့..
~~~~~~~~~~~~~~~~~~~~~~
WP (work permit) ကနေ S Pass ပြောင်းချင်လို့ ဘာတွေလိုအပ်လဲ ၊ ဘာအထောက်အထားတွေ တင်ပြဖို့လိုအပ်လဲ ၊ မိမိကိုယ်တိုင် ဘယ်လိုအရည်အချင်းတွေထပ်ပြီး လေ့လာဆည်းပူးဖို့လိုအပ်လဲဆိုတာ မရေးခင် S Pass တစ်ယောက်ရဲ့ စင်္ကာပူအစိုးရကသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ပြောပြပါရစေ။
S pass လျှောက်ထားလိုသူတစ်ဦးဟာ
၁ - လစာ အနည်းဆုံး S$ 2,200 ရရှိရမည်။
၂ - ပညာအရည်အချင်း ဒီပလိုမာလက်မှတ် (or) ဘွဲ့လက်မှတ်တစ်ခု တင်ပြနိုင်ရမည်။
၃ - သက်ဆိုင်ရာလုပ်ငန်းပိုင်းမှာလဲ လက်ရှိအထူးကျွမ်းကျင်လုပ်ကိုင်နေသူ အတတ်ပညာရှင် ဖြစ်ရပါမည်။
WP ကိုင်ဆောင်ထားသူ လုပ်သားတစ်ဦးဟာ S pass အဆင့်တိုးပြောင်းချင်သည်ဆိုလျှင်
(ပထမအဆင့်အနေနဲ့)
မိမိရဲ့ လက်ရှိအလုပ်အကိုင် ၊ လစာ ၊ ရရှိခဲ့သော ပညာအရည်အချင်း ၊ ပညာသင်ကြားခဲ့သော နေရာဒေသ ၊ ဘာသာရပ် ၊ အချိန်ပြည့် (သို့) အချိန်ပိုင်း စသည်တို့ကို သေချာဖြည့်ပြီး MOM website ရဲ့ Self Assessment Tool (http://www.mom.gov.sg/…/employment-s-pass-self-assessment-t… ) မှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။ S Pass လျှောက်ရန် အရည်အချင်းပြည့်မှီ မမှီကို ချက်ချင်းအဖြေသိနိုင်ပါတယ်။
(အဖြေက အရည်အချင်းပြည့်မှီပြီဆိုကြပါစို့ ..)
အလုပ်ရှင်ကို မိမိရဲ့အရည်အချင်း စည်းမျဉ်းများသည် S Pass ရရန်သင့်လျော်သည့်အတွက် လျှောက်ပေးရန်တောင်းဆိုနိုင်သည်။ ဒီနေရာမှာ တစ်ခု သတိပြုရမှာက အလုပ်ရှင်သည် S Pass ရလဒ် Approve မဖြစ်မချင်း လုပ်သားရဲ့ Work Permit ကို cancel မလုပ်ရပါဘူး ။ WP ကိုင်ဆောင်ထားသူ လုပ်သားသည်လည်း ပါမစ် သက်တမ်းရှိနေသေးသမျှ စင်္ကာပူနိုင်ငံတွင် နေထိုင်ခွင့်ရနေပါတယ်။
အကယ်၍ Work Permit သက်တမ်းသည် S Pass လျှောက်နေစဉ်ကာလအတွင်း (Pending) ဖြစ်နေစဉ်ကာလအတွင်း ကုန်ဆုံးနေလျှင် ထို WP ကိုင်ဆောင်သူလုပ်သားသည် မိမိနိုင်ငံသို့ ခေတ္တပြန်လည်နေထိုင်ရမည်ဖြစ်ပါသည်။ စင်္ကာပူတွင် နေထိုင်ခွင့်လုံးဝခွင့်မပြုပါ။ ဒါကြောင့် အလုပ်ရှင်အနေနဲ့လည်း Work Permit ကုန်ဆုံးရက်ကိုကြည့်ပြီး သက်တမ်းအရင်တိုးသင့် မတိုးသင့်စစ်ဆေးပြီးမှ S Pass လျှောက်သင့်ပါသည်။
Work Permit ကိုင်ဆောင်ထားသူများ S Pass အဖြစ်တိုးမြင့်လျှောက်လိုပါက အထက်ပါသက်မှတ်ချက်များနှင့်ကိုက်ညီရန် လိုအပ်ပါသည်။ ဒါ့အပြင် လက်ရှိလုပ်ကိုင်နေသော သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အတတ်ပညာရှင် (Technician)အမျိုးအစား လုပ်နေလျက် အတွေ့အကြုံ အနည်းဆုံး ၅ နှစ်နီးပါးရှိထားလျှင် S Pass ရရန် အခွင့်အရေးများသည်ဟု ကြားသိဘူးပါတယ်။
မြန်မာပြည်ကနေ မည့်သည့်ဒီပလိုမာ ၊ အသိအမှတ်ပြုလက်မှတ်များ မရခဲ့ပေမဲ့လည်း WP ကနေ S pass ပြောင်းဖို့ အခွင့်အရေး မလွယ်ကူနိုင်ဘူးလို့ မထင်ပါနဲ့ ။
ဒီ လင့်မှာ https://www.bcaa.edu.sg/…/certification-courses-for-tradesm…
နိုင်ငံခြားလုပ်သားတွေအတွက် စင်္ကာပူနိုင်ငံအသိအမှတ်ပြု အထူးကျွမ်းကျင်မှုနည်းပညာဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကိုဘယ်လိုသင်ယူရရှိနိုင်မလဲဆိုတာ လေ့လာနိုင်ပါတယ်။
ကုန်ထုတ်လုပ်ငန်း (Manufacturing)၊ ၀န်ဆောင်မှု လုပ်ငန်း(Services)၊ ဆောက်လုပ်ရေး လုပ်ငန်း (Construction) နှင့် သင်္ဘောကျင်း လုပ်ငန်း (Marine) စတဲ့ နယ်ပယ်အသီးသီးမှာရှိနေကြတဲ့ WP ကိုင်ဆောင်ထားသူတွေအတွက်လည်း အထက်က Link မှာ မိမိတိုးတတ်ရာလမ်းစတစ်ခုအတွက် နည်းပညာပိုင်းဆိုင်ရာ စင်္ကာပူနိုင်ငံအသိအမှတ်ပြုလက်မှတ်များရရှိရန်ကြိုးစားနိုင်ပါတယ်။
မိမိအားတဲ့အချိန်လေးတွေကိုလုပြီး မိမိတိုးတတ်ရာလမ်းကြောင်းတွေရှာဖွေနိုင်ကြပါစေ။
ဒီပိုစ့်လေးဟာ အကူအညီပေးတဲ့သဘောထက် အကြံဥာဏ်လေးအဖြစ်သက်ရောက်သွားတယ်ဆိုရင်ကို ကျေနပ်မိပါတယ်။

Charlotte
29/12/15

No comments:

Post a Comment