Communication Activities (Feedback Games)
သုန် တို့ရုံးမှာ တစ်လကို တစ်ရက် (workers' pay day) နေ့တွေမှာ site ထဲက workers တွေရော ရုံးပိုင်းကလူတွေရော Activities လုပ်ဖြစ်တယ်။ ဒီအပတ်က သုန်သုန် Management လုပ်ရမဲ့အလှည့်ရောက်လာတယ်။ ရုံးပိုင်းမှာ သူဌေးအပါအ၀င် ၀န်ထမ်းအကုန် အဲ့ဒီ Activities မှာပါဝင်ကစားရတယ်။
အရင်လတည်းက HR က ဒီတစ်ပတ် သုန့် Activity တစ်ခု စီစဉ်ရမယ်ဆိုပြီး လာပြောထားတယ်။
အဲ့တော့ ကိုယ်လဲ စဉ်းစားရပြီလေ။
ရုံးမှာက မြန်မာ အိန္ဒိယ ထိုင်း ဖိလပိုင် တရုတ် များတယ်။ ဘင်္ဂလားဒေ့ရှ်မရှိဘူး။
လူမျိုးစုံတာပေါ့။ ဘာသာစကားကတော့ English လိုပဲ ပြောကြတယ်။
ကိုယ်လုပ်မဲ့ အစီအစဉ် ကစားနည်းကို မကစားခင် ၁ ရက်အလိုအထိ ဘယ်သူ့ကိုမှ အသိပေးပိုင်ခွင့်မရှိဘူး။
တစ်ယောက်တည်း plan ချ .. ဘယ်လို game မျိုးကစားမလဲစဉ်းစား ။။ ပြီးရင် လိုအပ်တာတွေပြင်ဆင်ရတယ်။
အရင်ကတော့ သူများတွေလုပ်ရင် fan ဖြစ်စေတဲ့ကစားနည်းတွေ လုပ်တာများတယ်။
အဲ့တော့ relax ဖြစ်ပေမဲ့ လူတိုင်းကစားနည်းပုံစံတွေပဲဖြစ်နေတယ်ထင်မိတယ်။
ဒီတစ်ခါ ကိုယ့်အလှည့်မှာ ရုံးက၀န်ထမ်းတွေေ၇ာ site က ကာယလုပ်သားတွေရော Game ကစားတဲ့သဘောမျိုးမဟုတ်ဘဲ ဒီကစားနည်းကို အမြဲတွေးမိတိုင်းပျော်နေအောင် နောက်လဲထပ်ကစားချင်အောင် အကြံတစ်ခုရခဲ့တယ်.။
အဲ့ဒါကတော့ Communication Game ပါပဲ။ သုန်သုန် ဘာလို့ ဒီကစားနည်းကို စဉ်းစားမိလဲဆိုရင် ခုတလော ရုံးရယ် Site က ၀န်ထမ်းတွေရယ်ကြားက Communication လွဲချော်ပြီး အမှားမှားဖြစ်နေတာတွေဆက်တိုက်ကြုံလာရတော့ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ။ ကိုယ်တိုင် ဆိုဒ်သွားစစ်ရတဲ့ အခြေအနေတွေဖြစ်လာတော့ communication & instruction လွဲလွန်းလို့ စိတ်တိုလို့ ဖြစ်လာတဲ့ Game လို့ပြောလို့ရတယ်။
နောက်ပြီး .. Youtube မှာလဲ management & communication မှာကြည့်ဘူးခဲ့တယ်။
ကဲ.။.. အိမ်ကသူငယ်ချင်းတွေ ပေးထားတဲ့အမည်အတိုင်းပဲပေါ့ သုန့်အမည် GOOGLE (တစ်ခုခုလိုချင် သိချင်ရင် Google ပေါ်မွှေတတ်လွန်းလို့) ။
Google မှာတိတိကျကျဒီကစားနည်းအတွက်လိုအပ်တာတွေရှာဖတ်... ရုံးကလူတွေမသိအောင်ပြင်ဆင်ပေါ့.။
အရောင်မတူတဲ့ စာရွက်တွေပေါ်မှာ ရိုးရှင်းတဲ့ စက်ဝိုင်း စတုဂံ တြိဂံ အသဲပုံ ကြယ် စတဲ့ Geometry ပုံတွေကို လွယ်လွယ်ကူကူပဲ ၃ မျိုးလောက်ဆွဲထားတယ်။ ပြီးရင် စာအိတ်တစ်အိတ်စီမှာ ခွဲပြီးထည့်ထားတယ်။
ပုံစံတစ်မျိုးကို ၅၀ နဲ့ စာအိတ်အလုံး ၁၅၀ ထဲမှာ ၃မျိုးခွဲထားတယ်။ လူအယောက် ၅၀ ကို ၃ ခါကစားရမဲ့ Game ပေါ့။
ဒီ Game ကို ရုံးကလူတွေကို အရင်ကစားစေခဲ့တယ်.။
အဲ့ဒါမှ ရုံးက project Manager တွေက ဆိုဒ်က ကာယလုပ်သားတွေကို Instruction ပေးနိုင်မယ်လေ.။
ရုံးမှာကစားတဲ့ ပုံစံနဲ့ site ကသူတွေကို ကစားတဲ့ပုံစံဒီဇိုင်းတွေကို မတူအောင်ခွဲပေးထားတယ်။။
ကစားနည်းက ဒီလို...
သုန်သုန်က ဖန်တီးသူဆိုတော့ ရုံးက သူဌေးအပါအ၀င် ၀န်ထမ်းတွေအကုန်ကို တစ်ယောက်တစ်နေရာစီ နေရာခွဲပြီး အရောင် ၃ ရောင်စာရွက်ထဲက တစ်ရွက်ရဲ့ ပုံစံကို ပြောပြတယ်။ တစ်ဆင့်ချင်းပြောပြတာနော် (အရပ်ပုတော့ အကုန်ကြားအောင် ခုံပေါ်မတ်တပ်ရပ်ပြီးပြောပြခဲ့တာ)
ဘယ်စက်ဝိုင်းက ဘယ် Diameter ဘယ်လောက် ဘယ်စတုဂံက Dimension ဘယ်လောက် ..
ဘယ်စက်ဝိုင်းက ဘယ်ကိုထိနေရမယ် .. စသည်ဖြင့် တိတိကျကျ Instruction ပေး၇တယ်.။
ကျန်တဲ့သူတွေကို စာရွက်အလွတ်တစ်ရွက်ပေါ်မှာ ခဲတံတစ်ချောင်း ခဲဖျတ်တစ်ခုစီပေးထားပြီး သုန်သုန်ပြောထားတာကို သေချာနားထောင်ပြီး ဆွဲခိုင်းတယ်။ (No Question) နော်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာInstruction ပေးတဲ့သူပြောတာ သေချာနားထောင်ပြီး သူပြောသလို Diagram ဆွဲပေးရတယ်။
ပထမဒီဇိုင်းမှာ No Question...
ဒုတိယမှာလဲ NO Question ဒါပေမဲ့ အချိန်နည်းနည်းပိုပေးထားတယ် ။
တတိယဒီဇိုင်းမှာတော့ Question မေးခွင့်ပြုထားတယ် (ပုံက တစ်ဆင့်ချင်းပိုခက်လာတော့ တတိယပုံမှာ Instruction ပေးမည့်သူ့ကို Game ကစားတဲ့သူတွေက နားမရှင်းတာပြန်မေးနိုင်တယ်)
သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင် သုန်သုန့်လက်ထဲက ပုံကိုပြတယ် ။။ သူတို့ လိုက်ဆွဲထားတာတွေကို စစ်တယ်.။
လှည့်ချင်သလိုလှည့်ထားတဲ့ တြိဂံတွေ ပြိုင်ချင်သလိုပြိုင်ထားတဲ့ ပြိုင်နားစတုဂံတွေအစုံပါပဲ။
ရယ်လဲရယ်ရတယ် အမှားတွေလဲထောက်ပြတယ်။
ဘယ်လိုပြောလို့ နားမရှင်းလို့ မတိကျလို့ အစုံပေါ့။
ပြီးရင်တော့ ရုံးက PM တွေကို site က supervisor တွေကို Instruction ပေးစေတယ်။
Supervisor တွေကနေမှ ကာယလုပ်သားတွေကို Instruction ပေးစေတယ်။
အဲ့ဒီမှာလဲ အမှားမျိုးစုံ ပုံစံမျိုးစုံနဲ့ ဆွဲထားကြတာတွေရော စုံနေတာပါပဲ။
တကယ်တော့ ဒီ game က အမြင်နဲ့အထင်မှာ အတော်လွယ်တယ်ထင်ရပေမဲ့ အတော်လေး ပျော်စရာလဲကောင်း ဦးနှောက်လဲခြောက်တဲ့ကစားနည်းပါပဲ.။
အဓိက သုန်သုန်ပေးချင်တဲ့ Message က အလုပ်တစ်ခုကို သေသေချာချာတိတိကျကျ Instruction မပေးတဲ့သူရယ်...
သေချာနားမထောင်တတ်တဲ့အကျင့်ရှိပြီး အမှားမှားအလွဲလွဲ လုပ်တတ်သူတွေကို ဒီကစားနည်းကစားခိုင်းလိုက်တဲ့အခါ သိသာစေပါတယ်။
ကိုယ်ပြောတာ ကိုယ်နားလည်ပေမဲ့ တစ်ဖက်လူနားမရှင်းတဲ့အခါ ဖြစ်လာတဲ့ပြသာနာတွေကို ကိုယ်ချင်းစာသွားစေတယ်။
ဥပမာ. သူဌေးကို သူဌေးဇနီးက သုန်သုန်အပါအ၀င် တခြားရုံးကသူတွေကို Instruction ပေးဆိုပြီး ပုံတစ်ပုံဆွဲပြီး ပြောခိုင်းတယ်။ သူဌေးက အိုဒါ အရမ်းလွယ်တယ် .. သူရှင်းရှင်းလေးပြောပြမယ်ပေါ့။
ဒါပေမဲ့ နောက်ဆုံးစစ်လိုက်တဲ့အခါ သူပြောတဲ့ပုံနဲ့ ရုံးကလူတွေဆွဲတာ တစ်ယောက်မှ မတူဘူး မမှန်ခဲ့ဘူးလေ။
သူ့အမြင်ကတော့လွယ်တယ်ပေါ့။ ဒါပေမဲ့ သူပြောတဲ့ Instruction က မတိကျတော့ လွဲချော်မှုတွေဖြစ်ရော။
ကိုယ်ပေးချင်တဲ့ Message ကလဲ အဲ့ဒါပဲ...
လူမျိုးတစ်ယောက်နဲ့တစ်ယောက်မတူတော့ အလုပ်လုပ်ရတဲ့ အခါ Communication ကအရေးကြီးပါတယ် ။
ဒီ Game ကနေ ကိုယ်ပေးလိုက်တဲ့ Instruction ရယ် တစ်ဦးနဲ့တစ်ဦးကြား Communication ရယ်ဟာ သေးသေးလေးလဲ လွဲချော်နိုင်တာပဲဆိုတာကို သိစေမြင်စေချင်လို့ပါပဲ။
ကိုယ့် ကစားနည်း အောင်မြင်ခဲ့ပါတယ်။
ဝန်ထမ်းတွေရော ကာယလုပ်သားတွေရော သဘောကျကျတယ် ။ ပျော်ကြတယ် ။ နိုင်တဲ့ Group ကို သူဌေးက လက်ဆောင်ပေးတယ်။ ကိုယ်လဲ အတော်ပျော်တယ်. အရယ်သန်တဲ့သူဆိုတော့ သူတို့ဆွဲတဲ့ပုံတွေကြည့်ပြီး ခွီလိုက်ရတယ်ဆိုတာလေ....
ခု ဓါတ်ပုံထဲကပုံတွေက မှန်တဲ့ Group ကို အမှတ်တရလုပ်ပေးထားတာ။
အဲ့ဒါကို တစ်နေ့က Internal Audit လာတော့ သဘောတွေကျလို့ သူလဲ ကစားချင်တယ်ဆိုလို့ ကစားပေးလိုက်ရသေးတယ်
(အဲ့လို ကိုယ်က ကလေးလိုခွေးလိုလိုပါဝင်ရတဲ့ Activity တွေမှာအောင်မြင်တာပါဆို) :P
သုန်သုန်
06/08/2016




