Saturday, 5 May 2018

ဟောင်ကောင် ခရီးစဉ် (၁)

ဟောင်ကောင် ခရီးစဉ် (၁)
------- x ------- x -------
🚙🚌🏬🏢🏭
ဟောင်ကောင်ဆိုတာ လူတိုင်းနဲ့ရင်းနှီးပြီးသားနိုင်ငံတစ်ခုပါ။ အင်္ဂလိပ်ကိုလိုနီအဖြစ်နှစ်ပေါင်း ၁၅၀ လောက်ရှိခဲ့ပြီးနောက်မှ တရုတ်လက်အောက်ခံအဖြစ်ပြန်လည်ရောက်ရှိလာတဲ့နိုင်ငံတစ်ခုဖြစ်လို့ အရှေ့တိုင်း အနောက်တိုင်း ယဉ်ကျေးမှုပေါင်းစပ်ထားတဲ့ ဟောင်ကောင်က လည်ပတ်သွားဖို့နဲ့ ဈေးဝယ်ထွက်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဟောင်ကောင်အလည်သွားတဲ့အခါ သူတို့နိုင်ငံရဲ့ Public transportation တွေသုံးပြီး Tourist attractions တွေကို ဘယ်လိုသွားရမလဲဆိုတာ အဓိက ရေးပေးထားတယ်။ Tour တွေနဲ့ သွားတာထက်စာရင် လမ်းတော့ပိုလျှောက်ရတာပေါ့နော်။ ဗဟုသုတ ပိုရတာပေါ့ါ်၊
ခြုံပြောရရင် ဟောင်ကောင်မှာက အဓိက ကျွှန်းကြီး ၃ ခုရှိတယ်။ Lantu Island / Hongkong and / Kowloon Island ရယ်ဆိုပြီး ရှိတော့ မသွားခင် ကိုယ်တည်းခိုမဲ့ နေရာကို ရွေးချယ်ရမယ်.။ ဘယ်ကျွှန်းပေါ်မှာ ဘယ်လိုအထင်ကရနေရာတွေရှိသလဲ လေ့လာပြီး ကိုယ်သွားချင်ရောက်ချင်တဲ့နေရာပေါ်မူတည် ဟိုတယ်၊တည်းခိုခန်း ငှားတာပိုအဆင်ပြေတယ်။ ဒါပေမဲ့ Public transportation ဖြစ်တဲ့ MTR တွေ Bus တွေက အဆင်ပြေပြေသွားလာလို့ရအောင် လမ်းညွှန်ထားပေးလို့ တည်းခိုမဲ့နေရာက မြို့တွင်းနဲ့ဝေးနေရင်တောင် အခက်အခဲမရှိပါဘူး။ ထွေထွေထူးထူးလည်စရာအများကြီးမရှိတဲ့အတွက် ၄/၅ ရက်လောက် အချိန်ပေးလည်မယ်ဆိုရင်ကို ဟောင်ကောင်ရဲ့အထင်ကရနေရာတွေ အစုံရောက်နိုင်တယ်.။
ဒီမှာတော့ သုန်သွားလည်ခဲ့တဲ့ ဟောင်ကောင် မကာအို ခရီးစဉ်က နေရာတစ်ချို့ရဲ့အတွေ့အကြုံတွေ စုရေးပေးထားတယ်။
🗺🏯 ဟောင်ကောင်ဗီဇာ
စင်္ကာပူမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့မြန်မာ passport ကိုင်ဆောင်သူ >> အခြားဗီဇာတွေလိုပဲ ဗီဇာလျှောက်လွှာ Passport မူရင်း ၊ ID Card မိတ္တူ ၊ ရာထူး လစာ အပြည့်အစုံပါဝင်သည့် Company ထောက်ခံစာ ၊ ဘဏ်အထောက်အထား ၃လ (အနည်းဆုံး Bank statement 4,000 ရှိရပါမယ်). နောက်ပြီး အသွားအပြန် လေယာဉ်လက်မှတ် တည်းခိုနေထိုင်မဲ့ လိပ်စာရယ် နောက်ခံအဖြူ ပက်စပို့စ် ဓါတ်ပုံ တစ်ပုံရယ် လိုအပ်ပါတယ် ။ ကိုယ်တိုင်ဖြစ်စေ အေးဂျင့်ဖြစ်စေ တရုတ်သံရုံးကိုပဲ တိုက်ရိုက်လျှောက်ထားရမယ်။ သုန်ကတော့ လိုအပ်တဲ့စာရွက်စာတမ်းပြင်ဆင်ပြီး အေးဂျင့်နဲ့လျှောက်ခဲ့လို့ အပြီးအစီး SGD 80 ပေးခဲ့ရပါတယ်၊၊
မြန်မာပြည်ကနေ သွားမယ်ဆိုရင် >> တရူတ်သံရုံးကိုပဲ ဗီဇာလျှောက်လွှာ passport ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း စသည်တို့ရဲ့ မူရင်း မိတ္တူ ၊ ပိုင်ဆိုင် မူအတွက် လွန်ခဲ့တဲ့ သုံးလ ထဲ က အနည်းဆုံး သိန်း နှစ်ဆယ်လောက် သက်တမ်းရှိတဲ့ ဘဏ်စာအုပ် Bank certificate ရယ် ဘဏ်စာ အုပ် မပြနိုင်တဲ့ သူတွေ အတွက် ကားစာအုပ် နာမည်ပေါက်ဖြစ်စေ အိမ်ဂရံအမည်ပေါက်ဖြစ်စေပြရပါတယ် ။ လေယာဉ် လက်မှတ် အသွားအပြန် နဲ့ ဓါတ်ပုံ နှစ်လက်မ ပတ်လည်အဖြူ နောက်ခံတစ်ပုံနဲ့ လျောက်ထားနိုင်ပါတယ်..
ဗီဇာကြေးကတော့ တယောက် ကို 30 US ဖြစ်ပြီး .. ကြာမြင့်ချိန် ကတော့ ၄ ရက် လောက် ဖြစ်ပါတယ် ။
🏨🏨 တည်းခိုနေထိုင်စရာ
ဟောင်ကောင်ဟာ အကျယ်အ၀န်းအားဖြင့် ရန်ကုန်ထက် အများကြီးကျဉ်းပေမဲ့ လူဦးရေထူထပ်တဲ့ဒေသဖြစ်လို့ အခန်းဖွဲ့စည်းပုံ လူနေတိုက်တာ အဆောက်အဦးတွေပြည့်ကျပ်နေပြီး တခြားနိုင်ငံတွေထက်စာရင် ဟိုတယ်အခန်းဖွဲ့စည်းပုံတွေ ကျဉ်းတယ်။ ကိုယ်တွေလို free & easy သွားမည့်သူတွေအတွက် တည်းခိုနေထိုင်ဖို့ရွေးချယ်ရတာ အတော်လေးစဉ်းစားရတယ်။ အပေါ်မှာပြောခဲ့သလို ဟောင်ကောင်က အဓိက ကျွန်းကြီး ၃ ခုပေါ်မှာ ကိုယ်လည်ပတ်မဲ့ နေရာတွေနဲ့ နီးတဲ့ နေရာမှာရွေးချယ်နေထိုင်ပေါ့။ ဟိုတယ် တည်းခိုခနိး စားရိတ်ကလဲ တခြားနိုင်ငံတွေထက်စာရင် ဈေးကြီးတယ်။ သာမန် အဆောင် Hostel တောင် တညကို လူတစ်ယောက်အတွက် US 40$ လောက်ကျနိုင်တယ်။ ဟိုတယ် 3* လောက်ဆို ၂ယောက်ခနိး တစ်ညအတွက် US 160 လောက် ပျှမ်းမျှရှိတယ်။ ဒါကြောင့် ဟိုတယ်ကို တတ်နိုင်သမျှ စောစော book ကြပါ။ သုန်တို့ကတော့ မြို့ထဲပဲနေခဲ့ပြီး Public Transportation ဖြစ်တဲ့ MTR station နဲ့လဲ ၇ မိနစ်လောက် အချိန်ပေးရတဲ့ ဟိုတယ်လေးမှာပဲ ငှားခဲ့တယ်။ အစောကြီး ကြို book လို့ Breakfast မပါပဲ တညကို ၂ယောက်ခနိး 200 SGD လောက်ပဲပေးခဲ့ရတယ်။ သုန် ဟိုတယ်ကိုတော့ Agoda ကနေပဲ အမြဲ Book ဖြစ်တယ်။ အောက်မှာ ပုံနဲ့တကွ ဘယ် MTR station တွေနဲ့နီးတဲ့နေရာတွေမှာ သွားရလာရလွယ်ကူပြီး ဘယ်လို tourist attraction တွေရှိတယ်ဆိုတာ တင်ပေးထားပါတယ်။
🚝🚞🚃🚘🚨 သွားရေးလာရေး
သုန်ကိုယ်တိုင်လဲ တိုးနဲ့မဟုတ်ပဲ ကိုယ်တိုင်လေ့လာရှာဖွေထားလို့ ဒီနေရာမှာ free & easy သွားမည့်သူတွေအတွက် အဓိကရေးထားပါတယ်။ ဟောင်ကောင်က ဒေသကျဉ်းပေမဲ့ သွားရေးလာရေးအတွက် public transportation တွေ အများကြီး စီစဉ်ပေးထားလို့ လွယ်ကူသက်သာပါတယ်။ လေဆိပ်ကနေ မြို့ထဲကိုသွားဖို့ Shuttle Bus တွေ Express Train တွေ အများကြီးရှိပါတယ်။ သုန်ကတော့ Express Train (Round Trip) ၀ယ်ထားပြီး အသွားရောအပြန်ရော ဟိုတယ်ကနေ အမြန်၇ထားစီးပြီး လေဆိပ်ကိုသွားပါတယ်။ Express Train က Luggage အကြီးတွေသယ်လာရင်တောင် ရထားပေါ်မှာထားဖို့နေရာပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ သူက MTR ရထားစီးတဲ့လက်မှတ်နဲ့ စီးမရပါဘူး ။ Express Train လက်မှတ်ကို လေဆိပ်မှာဝယ်ပြီး ကိုယ်သွားလိုတဲ့ ဟိုတယ်နဲ့အနီးဆုံး Station တစ်ခုခုမှာ ဆင်းလို့ရပါတယ်။ လေဆိပ်ကနေ မြို့ထဲထိ 25မိနစ်လောက်ပဲကြာပါတယ် ။
📖🗞 သုန်ကတော့ လေဆိပ်မှာ ရထားလက်မှတ်ဝယ်ဖို့ တန်းစီရမဲ့အချိန်ကို နှမြောလို့ မသွားခင်ထဲက KLOOK ကနေ ၀ယ်သွားပါတယ်။ KLOOK က နိုင်ငံတစ်ချို့ရဲ့ Tourist Attraction နေရာတွေရဲ့ Entrance Ticket/ Admission Ticket တွေဝယ်လို့ရတဲ့ website/app တစ်ခုပါ။ ဈေးလဲပိုချိုသလို ၀ယ်ထားသမျှ လက်မှတ်တိုင်းကို print ထုတ်နေစရာမလိုပဲ ဖုန်းထဲကနေပဲ scan ဖတ်ပြီး ကိုယ်ရောက်တဲ့အခါ လက်မှတ်တွေကို redeem လွယ်လွယ်ကူကူလုပ်လို့ရတယ်။ လူတွေအများကြီးလက်မှတ်ဝယ်ဖို့တန်းစီနေရတဲ့အခါ KLOOK ကနေ၀ယ်ထားရင် တန်းစီစရာမလိုပဲ လက်မှတ်ကောင်တာမှာ ချက်ချင်း redeem လုပ်နိုင်ပြီး အချိန်ကို safe လုပ်လို့ရတယ်လေ။ Recommend ပေးပါတယ်။
Destinations တော်တော်များများရဲ့ Attractions/Shows/Sightseeing/Activities/Food & Dining/ Transportation & Wifi တွေကို ကိုယ်သွားချင်တဲ့နိုင်ငံကိုမရောက်ခင် မသွားခင်ထဲက ရွေးချယ်ဝယ်ယူထားလို့ရပါတယ်။ သုန်ကတော့ ဒီခရီးစဉ်စဆုံး လိုအပ်တဲ့ လက်မှတ်တွေ Transportation အတွက် ရထားလက်မှတ် ကားလက်မှတ်ကအစ sim card ကအဆုံး KLOOK ကနေ ၀ယ်ခဲ့လို့ အချိန်ရော ငွေရော တော်တော်လေးသက်သာခဲ့သလောက်ပါပဲ။ သုန်သွားဖြစ်ခဲ့တဲ့ ပုံတွေတစ်ပုံချင်းစီအောက်မှာ ဘယ်လိုသွားရတယ် ဘယ်ရထားစီးရတယ် ဆိုတာတွေ အသေးစိတ်ရေးပေးထားလို့ ဟောင်ကောင် မကာအို သွားလည်ဖြစ်မယ်ဆို ဒီအတိုင်းသာလျှောက်သွား သေချာပေါက် ငွေအများကြီးမကုန် အချိန်သက်သာသာ ရောက်မှာပါ။
(ရေးပေးဖို့ပြောထားလို့သာ အသေးစိတ်မရေးနိုင်တော့ပဲ သုန်သွားနောက စီစဉ်ထားခဲ့တဲ့ ခရီးစဉ် plan ကို ဓါတ်ပုံတွေ တင်လိုက်ရတာ ဆောရီးပါ)
ဒါပေမဲ့ အောက်ကပုံတွေလမ်းညွှန်အတိုင်းသာ သေချာလေးသွား ငွေလဲသက်သာ အတွေ့အကြုံလဲရ သူတို့လူနေမှုစရိုက်ကိုလဲ ပိုသိသာမြင်နိုင်ပါတယ် ။
တကယ်လို့ သုန်ရေးထားတဲ့ အောက်က ပုံတွေရဲ့ Slide တွေ လိုချင်တယ်ဆို email ပို့ပေးလို့ရပါတယ်။
မကာအိုခရီးစဉ်တော့ အပိုင်း ၂ မှာ ဆက်မျှော်ပေးပါ 👌🏻💪🏻😂😬😍
Ps . (English လိုတွေရေးမိတာ တအားတတ်လို့မဟုတ်ရပါ။ ကိုယ်သွားတုန်းက ကိုယ့်ဘာသာဖြစ်သလိုရေးထားလို့ ခုရှိပီးသား တင်လိုက်တာပါ )

👌🏻👌🏻🙏🏻🙏🏻🤭
🏨🚞❤️
ချစ်ခြင်းများစွာဖြင့်
သုန်
#thone
#hongkong
#ဟောင်ကောင်ခရီးစဉ်

No comments:

Post a Comment