တလောက မြန်မာပြည်က အင်ဂျင်နီယာကျောင်းတွေ အောင်စာရ င်းထွက်ခဲ့တယ်။
တစ်ချို့လဲ BE အောင်မြင်ခဲ့ပြီး Master ဆက်တတ်ဖို့ အခွင့်အရေးရသလို တစ်ချို့လဲ မရကြဘူး။
တစ်ချို့အသိသူငယ်ချင်းတွေရဲ့ ညီ/ညီမ တွေ စင်္ကာပူမှာ မာစတာတန်းအတွက် ကျောင်းတတ်ချင်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး မေးလာတာလေးတွေများလာ လို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်လို က်တာပါ။
ဒီအကြောင်းအရာမှာ NUS (National University of Singapore) ကျောင်းရဲ့ အကြောင်းအရာတွေကိုသာ အဓိက ရေးထားပါတယ်။
သုန်ကိုယ်တိုင်လဲ NUS မှာ Master တန်းအတွက် ကျောင်းလျှောက်ထားဖူးတဲ့ အတွေ့အကြုံအပြင် ကျောင်းဝင်ခွင့်ရရှိခြင်း အတွေ့အကြုံမရှိတော့ တစ်ချို့အရာတွေဟာ လွဲမှားခဲ့သည်ရှိသော် အမှားပြင်ပေးဖို့ ကြိုမေတ္တာရပ်ခံပါရစေ။
သုန်သုန် စင်္ကာပူမှာ ရှိနေခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်းမှာ NUS မှာ Msc (Course work) အတွက် ၃ ကြိမ် NTU မှာ ၃ ကြိမ်တိတိ ကျောင်းလျှောက်ခဲ့ဘူးပါတယ်။
ကျောင်းဝင်ခွင့်မရရှိခဲ့ပါဘူး။ :(
၂၀၁၆ ဇွန်လမှာတော့ UK နိုင်ငံ တက္ကသိုလ်တစ်ခုကနေ စင်္ကာပူမှာ Distance Learning လေ့လာဖို့ပဲ ကျောင်းလျှောက်ခဲ့တာ အရင်လက Offer ရခဲ့ပါတယ်။
ဒါကြောင့် ဒီပိုစ့်ဟာ NUS နဲ့ NTU တစ်ခုခုမှာ ကျောင်းဆက်တတ်ချင်သူတွေအတွက် အထောက်အကူ တစ်ခုခုဖြစ်စေဖို့ရန် ရည်ရွယ်ပြီး လေ့လာသိသမျှရှယ်ပေးခြင်းသာဖြစ်ပါတယ်။
NUS မှာ မြန်မာပြည်ကနေ BE ပြီးခဲ့ပြီး Master တန်းအတွက် ကျောင်းတတ်ချင်သည်ဆို ကြပါစို့။
ဘာတွေလိုအပ်မလဲသိဖို့အရင်ထက် NUS မှာ ကိုယ်က Master တန်းအတွက် ဘယ်ဘာသာရပ်ကို အထူးပြုလေ့လာချင်တာလဲ ?
ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်ရော ရှိရဲ့လား? ရှိတယ်ဆို ဘာအကြောင်းအရာတွေကို အဓိကသင်ကြားမှာလဲ ? ဆိုတဲ့ Overview အနည်းအကျဉ်းတော့ သိထားသင့်ပါတယ်။ (ရှည်မှာဆိုးလို့ ဒီမှာဖော်မပြတော့ပါ)
NUS website မှာ အသေးစိတ်ရှင်းပြထားပါတယ်။
ရှာရတာ အဆင်မပြေရင် အောက်ကလင့် မှာ PDF file Download ရယူနိုင်ပါတယ်.။
ဒေါင်းလို့မရရင် Email ထားခဲ့လို့ရပါတယ်။ Email ပို့ပေးပါမယ်။
Recommendation letter နမူနာဖြစ်ပါတယ် ။
NUS မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ Master အတွက် Coursework Program နဲ့ Research Program ဆိုပြီး ၂ မျိုး ရှိပါတယ်။
Coursework Program - Regular Msc Programmes တစ်ခုဖြစ်ပြီး
Research Program - MEng Programmes ဖြစ်ပါတယ်။
Program ၂ ခုလုံးက တစ်နှစ်ကို Intake ၂ ခု ရှိပါတယ် (January Intake & August Intake) ပါ
Intake တစ်ခုမတိုင်ခင် ၆လလောက်ကြိုတင်ကျောင်းလျှောက်ရပါမယ်.။
ကျောင်းဝင်ခွင့်ရမရကို Jan Intake ဆိုရင် နိုဝင်ဘာမှာ Application Status သိနိုင်ပြီး August Intake အတွက်ဆို မေလလောက်မှာ သိနိုင်ပါတယ်။
ကျောင်းတတ်ခွင့်ရခြင်းမရခြင်းကို သူတို့ရဲ့ Website မှာ ကိုယ့်ရဲ့Application No နဲ့စစ်နိုင်သလို Email နဲ့လဲ အကြောင်းကြားစာပို့ပေးပါတယ်။
ကျောင်းလျှောက်ရာမှာ Online Application & Manual Application ဖြစ်ပြီး Local Applicants အတွက်ရော International applicants အတွက်ပါ အဆင်ပြေအောင် ပြည့်ပြည့်စုံစုံလ မ်းညွန်ထားပါတယ်.
ဒီလင့်က NUS ကျောင်းရဲ့ Program 2 ခုလုံးအတွက် ကျောင်းစတင်လျှောက်ရမဲ့ Link ပါ ။ လေ့လာနိုင်ပါတယ် http://www.gse.nus.edu.sg/app lications.html
Online Application Fee က စင်္ကာပူဒေါ်လာ ၂၀ ဖြစ်ပြီး Manual Application fee ကတော့ ၄၀ ဒေါ်လာဖြစ်ပါတယ်။
ကျောင်းလျှောက်ခြင်းအတွက် ငွေပေးချေထားတဲ့ Slip ကို Physical Verification လုပ်တဲ့အခါ တပါတည်းတင်ပြရမည်ဖြစ်လို့ သေချာ သိမ်းထားဖို့ သတိပေးပါရစေ။
စင်္ကာပူမှာ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ် မြန် မာပြည်ကနေ Bachelor ဘွဲ့ရပြီးပဲဖြစ်ဖြစ် မာစတန်းတတ်မယ်ဆို Coursework Program ကိုပဲရွေးချယ်ဖို့အကြံပေးပါရစေ။
Coursework Program က ကျောင်းဝင်ခွင့်ရောေ ကျာင်းတတ်ခွင့်ပါ ရနိုင်ချေအခွင့်အရေးများတယ်။
Research program ကတော့ ကျောင်းတတ်ခွင့် Offer ရဖို့ တော်တော်လေးအခွင့်အရေးနည်းပါတယ်။
ခု Coursework Program နဲ့ပတ်သက်ပြီး ကျောင်းဝင်ခွင့်အ တွက်လိုအပ်တာတွေ ပြောရရင်
Online Application မှာ လိုအပ်တဲ့ Data တွေ Document တွေနဲ့ Submit ပြီးရင် အဲ့ဒီ လျှောက်လွှာကို Print ထုတ်ထားဖို့လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့ Online Application အပြင် Physical Verification လုပ်ရန်အတွက် ကျောင်းလျှောက်လွှာ ဘွဲ့လက်မှတ်
ကိုယ်အောင်မြင်ခဲ့တဲ့ ဘာသာရပ်ရဲ့ Grading, Transcript တွေ အမှတ်စာရင်းတွေ Result တွေ အခြား Certificate တွေ စာတိုက်ကတဆင့် တင်ပြရပါတယ်။
မိမိလျှောက်မဲ့ အထူးပြုဘာသာရပ်တစ်ခုချင်းစီအတွ က် အောက်ပါ စာရွက်စာတမ်းတွေ တင်ပြဖို့လိုအပ်ပါတယ်။
၁ - NUS ကျောင်းဝင်ခွင့်လျှောက်လွှာေ ဖာင်
၂ - ကျောင်းလျှောက်လွှာကြေးအတွက်ေ ငွပေးချေထားတဲ့ Slip
၃ - Passport စာမျက်နှာ မိတ္တူ
၎ - Employment Pass မိတ္တူ ( စင်္ကာပူမှာ နေထိုင်နေသူတွေများ အတွက်သာ)
၅ - မိမိအောင်မြင်ခဲ့တဲ့ ဘွဲ့လက်မှတ်မိတ္တူ
၆ - တက္ကသိုလ်တတ်ခဲ့သော ၅ နှစ်တာကာလအတွင်းရရှိခဲ့သော နှစ်စဉ်အမှတ်စာရင်း
၇ - Grading Result
၈ - Official Transcript / GPA
၉ - တစ်နှစ်လျှင် စင်္ကာပူဒေါ်လာ အနည်းဆုံး 25,000 ၀င်ငွေ ရှိသော ငွေကြေးအထောက်အထားစာရင်း
(ဒီနေရာမှာ မြန်မာပြည်က Full Time ကျောင်းလျောက်မဲ့သူတွေ နဲ့ စင်္ကာပူမှာ အလုပ်မလုပ်နေသူတွေအတွက်ကတော့
တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၂၅၀၀၀ နှင့်ညီမျှသော ငွေကြေးအထောက်အထား Bank Statement တစ်ခုတင်ပြနိုင်ရမည်ဖြစ်ပါသည်)
၁၀ - IELTS (Academic) result (အနည်းဆုံး Result 6.5) ဒါမှမဟုတ် TOEFL scoresheet (Min 600 for paper-based test), (Min 250 for computer-based test), (92 for internet-based test)
တစ်ခုခုတင်ပြနိုင်ရမည်
၁၁ - မိမိတတ်မြောက်အောင်မြင်ခဲ့သော တက္ကသိုလ် English Department နှင့် Major Department ဆီမှ Recommendation Letter
အထက်ပါ ၁၁ ချက်လုံး (မိတ္တူ) ကို Online Application ပြီးတာနဲ့ သတ်မှတ်ရက်အတွင်း NUS ကျောင်းရဲ့သတ်မှတ်လိပ်စာအတို င်း စာတိုက်ကတဆင့်ပေးပို့ရပါမယ်။
နောက်ထပ်သတိထားရမဲ့အချက်ကတော့ Online Application ပဲလုပ်လုပ် Manual Application လုပ်လုပ် ကျောင်းလျှောက်လွှာမှာ Objectives ရေးပေးရမဲ့နေရာတစ်ခု ပါပါတယ်။
အဓိကကတော့ ကိုယ်ဘာလို့ ဒီတက္ကသိုလ်တတ်ချင်ရတာလဲ ၊ ဒီဘာသာရပ်ကိုဘာကြောင့်ရွေးချယ် တာလဲ ။ ဒီဘာသာရပ်ကို တတ်မြောက်အောင်မြင်ပြီးရင် ကိုယ်ဘာတွေလုပ်မလဲဆိုတဲ့ Objectives ကို အနည်းဆုံး A4 ၃ မျက်နှာလောက်ရေးတင်ရပါတယ်။
သူတို့သတ်မှတ်ပေးထားတဲ့နေရာက မလုံလောက်တဲ့အတွက် အခြားအပို A4 စာရွက်သုံးပြီး တင်လို့ရပါတယ်။
စာတိုက်ကနေ Document တွေပို့တဲ့အခါ အဲ့ဒီ A4 စာရွက် မေ့တတ်ကြပါတယ်။ သတိထားဖို့ပ့ါ.။
စင်္ကာပူမှာလက်၇ှိအလုပ်မလုပ်ပဲြ မန်မာပြည်ကနေ Full Time လျှောက်ကြမဲ့ International Applicants တွေအတွက် အဓိကလိုအပ်တာကတော့
IELTS result (or) TOEFL score သူတို့သတ်မှတ်ထားတဲ့ အမှတ်မှီဖို့အရေးကြီးပါတယ်။
နောက်တစ်ချက်က Bank Statement ပါပဲ.
ကျောင်းတတ်ခွင့်ရသွားရင် ဒီ၂နှစ်တာကာလအတွင်း ဘယ်သူက ကျောင်းစာရိတ်အတွက် ထော က်ပံ့ပေးမလဲဆိုတဲ့ တိကျခိုင်လုံတဲ့ အထောက်အထားလိုအပ်ပါတယ်။
ဆိုလိုတာက ကျောင်းစားရိတ်ထောက် ပံ့သူရဲ့ ငွေစာရင်း (fixed deposit account or saving accounts) စင်္ကာပူဒေါ်လာ ၂၅၀၀၀ နဲ့ ညီမျှတဲ့ ငွေကြေးပမာဏတစ်ခုတင်ြ ပရန်လိုအပ်ပါတယ်။
Tuition Fee ကတော့ Full Time အတွက် $18,100 per semester ဖြစ်ပြီး Part Time အတွက် $9,050 per Semester ဖြစ်ပါတယ်။ (2016/2017 ပညာသင်နှစ်အတွက်သာ)
တစ်နှစ်နဲ့တစ်နှစ် ကျောင်းလခ အပြောင်းအလဲ နှင့် အခြားစာရွက်စာတမ်းအပြောင်းအလဲများကို ကျောင်းမလျှောက်ခင် NUS website မှာ Download ရယူနိုင်ပါတယ်
အောက်ပါဘာသာရပ်တွေက NUS မှာ Msc (Coursework) အတွက် 2017 Intake မှာ သင်ယူလေ့လာနိုင်တဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။
PROGRAMMES AVAILABLE BY COURSEWORK (2017 INTAKE)
Master of Science (Msc)
1. Chemical Engineering
2. Civil Engineering
3. Electrical Engineering
4. Environmental Engineering
5. Geotechnical Engineering
6. Hydraulic Engineering and Water Resources Management
7. Industrial & Systems Engineering
8. Intellectual Property Management
9. Management of Technology
10 . Materials Science & Engineering
11. Mechanical Engineering
12. Offshore Technology
13. Safety,Health And Environmental Technology
14. Systems Design Management
15. Transportation Systems & Management
တို့ပဲဖြစ်ပါတယ်။
ပညာရေးဟာ အသက်ဘယ်လောက်ပဲကြီးကြီး ကိုယ်ရင်းနှီးမြုပ်နှံရင် မြုပ် နှံသလောက် ပြန်ရတတ်တဲ့ စီးပွားရေးဖြစ်တာမို့
မိမိဝါသနာ မိမိအရည်အချင်းနှင့် ထပ်တူညီတာတွေ ရွေးချယ်လေ့လာနို င်ကြပါစေဖို့ ဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်။
Good Luck.
သုန်သုန်
10 Nov 2016


No comments:
Post a Comment