စင်္ကာပူ BCA Academy - Specialist Diploma Courses လျှောက်ကြမည်ဆိုလျှင်
BCA Academy မှာ ကျောင်းတတ်မည်ဆိုလျှင် ရွေးချယ်စရာ Courses တွေအများကြီးရှိတဲ့အထဲမှာမှ ဘာလို့ Specialist Diploma Courses တွေအကြောင်း အဓိကရေးရလဲဆိုလျှင် စင်္ကာပူမှာလက်ရှိ ဆောက်လုပ်ရေးနယ်ပယ်တွေမှာ အလုပ်လုပ်နေပြီး နောက်ထပ်အသက်မွေးပညာရပ်တွေကို ဆက်လက်လေ့လာချင်သူတွေအတွက် အတွေ့အကြုံတွေရှယ်ဖို့ ရည်ရွယ်မိလို့ပါ. Sharing is Caring ဆိုသလို ကိုယ်တွေရခဲ့တဲ့အတွေ့အကြုံကနေ သိသလောက် ဝေမျှတာဖြစ်လို့ တစ်ချို့အရာတွေ လိုအပ်ချက်တွေရှိကောင်းရှိနေခဲ့လျှင် အမှားပြင်ပေးဖို့ ကြိုတင်တောင်းဆိုပါတယ်။
သုန်သုန် 2013/2014 ပညာသင်နှစ်အချိန်က Specialist Dip တတ်ဖို့ ကျောင်းလျှောက်ခွင့်တင်တော့ BCA မှာ S.Dip အတွက် Courses က ၆ခု ပဲရှိခဲ့တယ်။ မနှစ်ကစတင်ပြီး ၀င်ခွင့်ဖြေဆိုရတဲ့ English Screening Test ဖြေပုံစံတွေ ကျောင်းလခပေးသွင်းရတဲ့ပုံစံတွေ ထပ်တိုး Courses တွေနဲ့ပြောင်းလဲခဲ့တယ်။ S.Dip တန်း ပညာသင်ကြားတဲ့အခါ အသက်အရွယ်မတူညီသူတွေ နယ်ပယ်အသီးသီးကလာလေ့လာကြတဲ့သူတွေ ကိုယ့်ထက်ဆောက်လုပ်ရေးနယ်ပယ်မှာ အတွေ့အကြုံအများကြီးရထားတဲ့သူတွေ လူမျိုးပေါင်းစုံ အတွေ့အကြုံပေါင်းစုံရနိုင်တဲ့ Courses တစ်ခုပါ။ အခုဆိုလျှင် BCA ရဲ့ S.Dip Courses က စုစုပေါင်း ၁၁ ခုတောင် ရှိနေပြီး မိမိနဲ့သင့်တော်မဲ့ မိမိအတွက်လက်ရှိအလုပ်ကို အဆင့်မြင့်စေမဲ့ အထူးပြုဘာသာရပ်ကိုရွေးချယ်နိုင်ပါတယ်။ ၁၁ ခုလုံးက Term Break အပါအ၀င် သင်ကြားချိန် ၁ နှစ်နီးပါးဖြစ်ပြီး Semester ၂ ခုရှိပါတယ်။ ၁၁ ဘာသာရပ်ထဲမှာမှ Building Information Modeling Courses တစ်ခုသာ ပညာသင်ကြားချိန် ၅လသာဖြစ်ပြီး Semester တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့ ၁၀ ခုကတော့ တစ်နှစ်နီးပါးလုံး ပညာသင်ကြားရတဲ့ Courses တွေနှင့် 5months (Lesson) + 4months (final project) လေ့လာရမဲ့ Courses တွေဖြစ်ကြတယ်။ တစ်နှစ်မှာ Courses ၁၁ ခုလုံးအတွက် Intake ၂ ခါရှိတတ်ပြီး BCA Website
(https://www.bcaa.edu.sg/…/academic-progr…/specialist-diploma )
မှာ Courses တစ်ခုချင်းစီကို အသေးစိတ်လေ့လာနိုင်ပါတယ်ရှင်။ ကျောင်းလျှောက်လွှာ Application Form တွေ ကျောင်းလခတွေ ကျောင်းတတ်ရက်တွေ ဘာသာရပ်တစ်ခုချင်းစီရဲ့လေ့လာသင်ယူရမဲ့အကြေင်းအရာတွေ Objectives တွေကို အပေါ်က လင့်မှာ အသေးစိတ်ဖော်ပြထားလို့ မိမိဝါသနာပါရာ မိမိလက်၇ှိအလုပ်နဲ့သင့်လျော်ရာ လေ့လာနိုင်ပါတယ်၊၊
စာဖတ်သူအချိန်ကို ငဲ့ညာပြီး ဘာသာရပ်တစ်ခုချင်းစီကို အသေးစိတ်ရှင်းပြရေးဖို့ Skip လုပ်လိုက်ပါရစေ။
ကျောင်းလျှောက်တဲ့အခါ ဘာတွေလိုအပ်လဲဆိုရင် လက်ရှိစင်္ကာပူ Construction နယ်ပယ် Industry နယ်ပယ်မှာအလုပ်လုပ်နေပြီး အနည်းဆုံးအတွေ့အကြုံလုပ်သက် ၁ နစ်လောက်ရှိထားပြီ်ဆိုရင် ကျောင်းလျှောက်ချိန်တရားဝင်ကြေညာထားတဲ့အချိန်ကစတင်ပြီး မိမိရရှိထားတဲ့ဘွဲ့တွေ အတွေ့အကြုံတွေနှင့် မိမိတတ်ချင်တဲ့ Courses ကိုလျှောက်ခွင့်ရနိုင်မရနိုင် BCA Academy ကို ဖုန်းဆက်သော်လည်ကောင်း Email ပို့မေးသော်လည်းကောင်း Verify လုပ်ပေးဖို့ စုံစမ်းနိုင်ပါတယ်။ မိမိလေ့လာမဲ့ Course ရဲ့ ကျောင်းလျှောက်လွှာ Application Form ကို Download ဆွဲပြီး လိုအပ်သောအကြောင်းအရာတွေကို လက်ရေးနှင့်ဖြစ်စေcomputer typing ရိုက်ပြီးဖြစ်စေ ဖြည့်စွက်နိုင်ပါတယ်။
လိုအပ်သောစာရွက်စာတမ်းများ
၁ . မိမိလျှောက်မဲ့ Course ရဲ့ လျှောက်လွှာဖောင် (BCA Website မှ ရယူနိုင်)
၂ . မိမိအောင်မြင်ခဲ့သော ဘွဲ့လက်မှတ် မိတ္တူ
၃ . Employment Pass မိတ္တူ
၎ . Passport မိတ္တူ
၅ . Company recommendation letter (လိုအပ်လျှင် - ဆိုလိုတာက တင်ပြနိုင်လျှင်ပိုကောင်းပါတယ်။ ကျောင်းလခငွေကို သက်ဆိုင်ရာ company မှ ပေးချေပေးမည်ဆိုလျှင်လဲ လိုအပ်ပါသည်။)
၆. အခြား Certificates မိတ္တူ
အဓိကက BCA ရဲ့ Specialist Diploma Course ကိုလျှောက်မည်ဆိုလျှင် English Screening Test လို့ခေါ်တဲ့ BCA ကကျင်းပတဲ့ အရည်အချင်းစစ်စာမေးပွဲ (၁၀၀ မှတ်ဖိုး English – Reading & Writing ) ကို အောင်မြင်မှ ကျောင်းတတ်ခွင့်ရပါမည်။ ကျောင်းလျှောက်ခွင့်သတ်မှတ်ရက်ကစတင်ပြီး ကျောင်းမတတ်ရခင် ၃ လလောက်အလိုမှာ အရည်အချင်းစစ်စာမေးပွဲကို ကျင်းပတတ်ပါတယ်။ ပုံမှန် ညနေ ၆ နာရီကနေ ၈ နာရီထိ ထိုစာမေးပွဲကို ဖြေဆိုရပါတယ်။ ဖြေဆိုခွင့်ရ ကျောင်းသားတွေကို Email ဖြင့်အကြောင်းကြားစာပို့ပေးပြီး စာမေးပွဲကြေး စင်္ကာပူဒေါ်လာ 23 ကျပ်ကို သတ်မှတ်ရက်အတွင်း ပေးချေရပါမယ်။ ဒီနေရာမှာ တစ်ခုသတိပေးရရင် BCA Academy သည် ကျောင်းကိစ္စနှင့်ပတ်သတ်သမျှ အကြောင်းကြားစရာကိစ္စများကို တစ်ခါတစ်လေ ကာယကံရှင်ကျောင်းသူ/ကျောင်းသားဆီသို့ အသိပေးအကြောင်းကြားရာမှာ နောက်ကျတတ်သောကြောင့် မိမိကျောင်းလျှောက်ထားလျှင် BCA မှအကြောင်းကြားစာကိုပဲ ထိုင်စောင့်မနေပဲ သတ်မှတ်ရက်နီးလေ ဖုန်းဆက်မေးသင့်ပါတယ်။ (ကိုယ်တိုင်ကြုံဘူးလို့ပါ - စကားချပ်
:) )
English Screening Test ဖြေဆိုအောင်မြင်တဲ့ Applicants တွေကို ကျောင်းတတ်ခွင့်ရ Offer နှင့်အတူ ကျောင်းလခပေးသွင်းရက်ကိုပါ Email ပို့အကြောင်းကြားပေးပါတယ်။ သုန်သုန်တို့ 2013/2014 ပညာသင်နှစ်ပြီးနောက်ပိုင်းကစတင်ပြီး ကျောင်းလခကို semester တစ်ခုမစခင် ၂ခါ ခွဲသွင်းခွင့်မပေးတော့ပဲ ကျောင်းတတ်ခွင့် Offer ရသည်နှင့် တစ်ကြိမ်တည်းသာ ငွေပေးချေရမည့်စနစ်ကို ကျင့်သုံးခဲ့ပါသည်.။ ကျောင်းတတ်ခွင့်ရသည်နှင့် ငွေပေးချေပြီးသည့်အခါ BCA Academy မှ Document Verification ပြုလုပ်ရန် ကျောင်းသို့ ညနေပိုင်းတစ်ရက်သွားရပါမည်။ မိမိလျှောက်ခဲ့သောကျောင်းလျှောက်လွှာနှင့်အတူ တင်ပြခဲ့သော ဘွဲ့လက်မှတ် စာရွက်စာတမ်းများကို မူရင်းနှင့် မိတ္တူစစ်ဆေးခြင်း Document Verification လုပ်ခြင်းဖြစ်ပါတယ်။
BCA Academy – Specialist Diploma Course တွေရဲ့တစ်ခုအားသာချက်က အခြား တက္ကသိုလ်များလို IELTS/TOEFL Result တွေမလိုအပ်ပဲ ဆောက်လုပ်ရေးနယ်ပယ်အသီးသီးက မိမိအလုပ်အတွေ့အကြုံတွေကို အဆင့်မြင့်ပညာရပ်တွေ ထပ်တိုးလေ့လာနိုင်တဲ့ Short course တစ်ခုဖြစ်တာကြောင့် လေ့လာဖို့အခွင့်အရေးတွေလွယ်ကူပါတယ်။
Semester 2 ခု သင်ကြားအောင်မြင်တတ်မြောက်ပြီးတဲ့အခါမှတော့ intake ၂ ခုပေါင်းပြီး Graduation Ceremony ကို တတ်ရောက်ရမှာဖြစ်ပါတယ် ။
စင်္ကာပူနိုင်ငံအစိုးရအသိအမှတ်ပြုကျောင်းတစ်ခုဖြစ်တဲ့အတွက် အခြား Bsc , Msc တွေ ဆက်သင်ကြားဖို့ နိုင်ငံခြားတက္ကသိုလ်တွေ ထပ်လျှောက်တဲ့အခါ ဒီ S.Diploma ဟာ တော်တော်လေး အထောက်အကူပြုစေပါတယ် ။
ကျောင်းလျှောက်ပုံ English Screening Test အသေးစိတ်အကြောင်း စာရွက်စာတမ်းအကြောင်း အသေးစိတ် သိရှိလိုပါက အတတ်နိုင်သမျှ အတွေ့အကြုံတွေရှယ်ပေးပါ့မယ် ။
ယခုလက်ရှိအချိန်ထိ သင်ကြားလေ့လာနိုင်တဲ့ BCA Academy - Specialist Diploma Courses ၁၁ ခုကတော့
1 / Specialist Diploma in Architectural Technology
Duration: Approximately 1 year including term break
2/ Specialist Diploma in Building Cost Management
Duration: Approximately 1 year including term break
3/Specialist Diploma in Building Information Modeling
Duration: 5 months
4/Specialist Diploma in Construction Management
Duration: Approximately 1 year including term break
5/Specialist Diploma in Construction Productivity
Duration: 5 months lessons + 4 months final project
6/Specialist Diploma in Design for Manufacturing & Assembly (DfMA)
Duration: 5 months lessons + 4 months final project
7/Specialist Diploma in Facility & Energy Management
Duration: Approximately 1 year including term break
8/Specialist Diploma in Interior & Landscape Design
Duration: Approximately 1 year including term break
9/Specialist Diploma in Lean Construction
Duration: 5 months lessons + 4 months final project
10/Specialist Diploma in M&E Coordination
Duration: Approximately 1 year including term break
11/Specialist Diploma in Virtual Design & Construction (VDC)
Duration: 5 months lessons + 4 months final project
တို့ ဖြစ်ပါတယ် ။ မိမိနဲ့သင့်လျော်ရာ မိမိဝါသနာပါသော Courses တွေကို အပေါ်က BCA Website link မှာ အသေးစိတ်လေ့လာပြီး ကျောင်းလျှောက်တဲ့အခါ ယခုပိုစ့်ဟာ အထောက်အကူပြုစေနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။
ကျေးဇူးတင်ပါတယ်!
Good Luck
သုန်သုန် (13-11-2016)

No comments:
Post a Comment