Saturday, 5 May 2018

ဟောင်ကောင် ခရီးစဉ် (၁)

ဟောင်ကောင် ခရီးစဉ် (၁)
------- x ------- x -------
🚙🚌🏬🏢🏭
ဟောင်ကောင်ဆိုတာ လူတိုင်းနဲ့ရင်းနှီးပြီးသားနိုင်ငံတစ်ခုပါ။ အင်္ဂလိပ်ကိုလိုနီအဖြစ်နှစ်ပေါင်း ၁၅၀ လောက်ရှိခဲ့ပြီးနောက်မှ တရုတ်လက်အောက်ခံအဖြစ်ပြန်လည်ရောက်ရှိလာတဲ့နိုင်ငံတစ်ခုဖြစ်လို့ အရှေ့တိုင်း အနောက်တိုင်း ယဉ်ကျေးမှုပေါင်းစပ်ထားတဲ့ ဟောင်ကောင်က လည်ပတ်သွားဖို့နဲ့ ဈေးဝယ်ထွက်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဟောင်ကောင်အလည်သွားတဲ့အခါ သူတို့နိုင်ငံရဲ့ Public transportation တွေသုံးပြီး Tourist attractions တွေကို ဘယ်လိုသွားရမလဲဆိုတာ အဓိက ရေးပေးထားတယ်။ Tour တွေနဲ့ သွားတာထက်စာရင် လမ်းတော့ပိုလျှောက်ရတာပေါ့နော်။ ဗဟုသုတ ပိုရတာပေါ့ါ်၊
ခြုံပြောရရင် ဟောင်ကောင်မှာက အဓိက ကျွှန်းကြီး ၃ ခုရှိတယ်။ Lantu Island / Hongkong and / Kowloon Island ရယ်ဆိုပြီး ရှိတော့ မသွားခင် ကိုယ်တည်းခိုမဲ့ နေရာကို ရွေးချယ်ရမယ်.။ ဘယ်ကျွှန်းပေါ်မှာ ဘယ်လိုအထင်ကရနေရာတွေရှိသလဲ လေ့လာပြီး ကိုယ်သွားချင်ရောက်ချင်တဲ့နေရာပေါ်မူတည် ဟိုတယ်၊တည်းခိုခန်း ငှားတာပိုအဆင်ပြေတယ်။ ဒါပေမဲ့ Public transportation ဖြစ်တဲ့ MTR တွေ Bus တွေက အဆင်ပြေပြေသွားလာလို့ရအောင် လမ်းညွှန်ထားပေးလို့ တည်းခိုမဲ့နေရာက မြို့တွင်းနဲ့ဝေးနေရင်တောင် အခက်အခဲမရှိပါဘူး။ ထွေထွေထူးထူးလည်စရာအများကြီးမရှိတဲ့အတွက် ၄/၅ ရက်လောက် အချိန်ပေးလည်မယ်ဆိုရင်ကို ဟောင်ကောင်ရဲ့အထင်ကရနေရာတွေ အစုံရောက်နိုင်တယ်.။
ဒီမှာတော့ သုန်သွားလည်ခဲ့တဲ့ ဟောင်ကောင် မကာအို ခရီးစဉ်က နေရာတစ်ချို့ရဲ့အတွေ့အကြုံတွေ စုရေးပေးထားတယ်။
🗺🏯 ဟောင်ကောင်ဗီဇာ
စင်္ကာပူမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့မြန်မာ passport ကိုင်ဆောင်သူ >> အခြားဗီဇာတွေလိုပဲ ဗီဇာလျှောက်လွှာ Passport မူရင်း ၊ ID Card မိတ္တူ ၊ ရာထူး လစာ အပြည့်အစုံပါဝင်သည့် Company ထောက်ခံစာ ၊ ဘဏ်အထောက်အထား ၃လ (အနည်းဆုံး Bank statement 4,000 ရှိရပါမယ်). နောက်ပြီး အသွားအပြန် လေယာဉ်လက်မှတ် တည်းခိုနေထိုင်မဲ့ လိပ်စာရယ် နောက်ခံအဖြူ ပက်စပို့စ် ဓါတ်ပုံ တစ်ပုံရယ် လိုအပ်ပါတယ် ။ ကိုယ်တိုင်ဖြစ်စေ အေးဂျင့်ဖြစ်စေ တရုတ်သံရုံးကိုပဲ တိုက်ရိုက်လျှောက်ထားရမယ်။ သုန်ကတော့ လိုအပ်တဲ့စာရွက်စာတမ်းပြင်ဆင်ပြီး အေးဂျင့်နဲ့လျှောက်ခဲ့လို့ အပြီးအစီး SGD 80 ပေးခဲ့ရပါတယ်၊၊
မြန်မာပြည်ကနေ သွားမယ်ဆိုရင် >> တရူတ်သံရုံးကိုပဲ ဗီဇာလျှောက်လွှာ passport ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း စသည်တို့ရဲ့ မူရင်း မိတ္တူ ၊ ပိုင်ဆိုင် မူအတွက် လွန်ခဲ့တဲ့ သုံးလ ထဲ က အနည်းဆုံး သိန်း နှစ်ဆယ်လောက် သက်တမ်းရှိတဲ့ ဘဏ်စာအုပ် Bank certificate ရယ် ဘဏ်စာ အုပ် မပြနိုင်တဲ့ သူတွေ အတွက် ကားစာအုပ် နာမည်ပေါက်ဖြစ်စေ အိမ်ဂရံအမည်ပေါက်ဖြစ်စေပြရပါတယ် ။ လေယာဉ် လက်မှတ် အသွားအပြန် နဲ့ ဓါတ်ပုံ နှစ်လက်မ ပတ်လည်အဖြူ နောက်ခံတစ်ပုံနဲ့ လျောက်ထားနိုင်ပါတယ်..
ဗီဇာကြေးကတော့ တယောက် ကို 30 US ဖြစ်ပြီး .. ကြာမြင့်ချိန် ကတော့ ၄ ရက် လောက် ဖြစ်ပါတယ် ။
🏨🏨 တည်းခိုနေထိုင်စရာ
ဟောင်ကောင်ဟာ အကျယ်အ၀န်းအားဖြင့် ရန်ကုန်ထက် အများကြီးကျဉ်းပေမဲ့ လူဦးရေထူထပ်တဲ့ဒေသဖြစ်လို့ အခန်းဖွဲ့စည်းပုံ လူနေတိုက်တာ အဆောက်အဦးတွေပြည့်ကျပ်နေပြီး တခြားနိုင်ငံတွေထက်စာရင် ဟိုတယ်အခန်းဖွဲ့စည်းပုံတွေ ကျဉ်းတယ်။ ကိုယ်တွေလို free & easy သွားမည့်သူတွေအတွက် တည်းခိုနေထိုင်ဖို့ရွေးချယ်ရတာ အတော်လေးစဉ်းစားရတယ်။ အပေါ်မှာပြောခဲ့သလို ဟောင်ကောင်က အဓိက ကျွန်းကြီး ၃ ခုပေါ်မှာ ကိုယ်လည်ပတ်မဲ့ နေရာတွေနဲ့ နီးတဲ့ နေရာမှာရွေးချယ်နေထိုင်ပေါ့။ ဟိုတယ် တည်းခိုခနိး စားရိတ်ကလဲ တခြားနိုင်ငံတွေထက်စာရင် ဈေးကြီးတယ်။ သာမန် အဆောင် Hostel တောင် တညကို လူတစ်ယောက်အတွက် US 40$ လောက်ကျနိုင်တယ်။ ဟိုတယ် 3* လောက်ဆို ၂ယောက်ခနိး တစ်ညအတွက် US 160 လောက် ပျှမ်းမျှရှိတယ်။ ဒါကြောင့် ဟိုတယ်ကို တတ်နိုင်သမျှ စောစော book ကြပါ။ သုန်တို့ကတော့ မြို့ထဲပဲနေခဲ့ပြီး Public Transportation ဖြစ်တဲ့ MTR station နဲ့လဲ ၇ မိနစ်လောက် အချိန်ပေးရတဲ့ ဟိုတယ်လေးမှာပဲ ငှားခဲ့တယ်။ အစောကြီး ကြို book လို့ Breakfast မပါပဲ တညကို ၂ယောက်ခနိး 200 SGD လောက်ပဲပေးခဲ့ရတယ်။ သုန် ဟိုတယ်ကိုတော့ Agoda ကနေပဲ အမြဲ Book ဖြစ်တယ်။ အောက်မှာ ပုံနဲ့တကွ ဘယ် MTR station တွေနဲ့နီးတဲ့နေရာတွေမှာ သွားရလာရလွယ်ကူပြီး ဘယ်လို tourist attraction တွေရှိတယ်ဆိုတာ တင်ပေးထားပါတယ်။
🚝🚞🚃🚘🚨 သွားရေးလာရေး
သုန်ကိုယ်တိုင်လဲ တိုးနဲ့မဟုတ်ပဲ ကိုယ်တိုင်လေ့လာရှာဖွေထားလို့ ဒီနေရာမှာ free & easy သွားမည့်သူတွေအတွက် အဓိကရေးထားပါတယ်။ ဟောင်ကောင်က ဒေသကျဉ်းပေမဲ့ သွားရေးလာရေးအတွက် public transportation တွေ အများကြီး စီစဉ်ပေးထားလို့ လွယ်ကူသက်သာပါတယ်။ လေဆိပ်ကနေ မြို့ထဲကိုသွားဖို့ Shuttle Bus တွေ Express Train တွေ အများကြီးရှိပါတယ်။ သုန်ကတော့ Express Train (Round Trip) ၀ယ်ထားပြီး အသွားရောအပြန်ရော ဟိုတယ်ကနေ အမြန်၇ထားစီးပြီး လေဆိပ်ကိုသွားပါတယ်။ Express Train က Luggage အကြီးတွေသယ်လာရင်တောင် ရထားပေါ်မှာထားဖို့နေရာပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ သူက MTR ရထားစီးတဲ့လက်မှတ်နဲ့ စီးမရပါဘူး ။ Express Train လက်မှတ်ကို လေဆိပ်မှာဝယ်ပြီး ကိုယ်သွားလိုတဲ့ ဟိုတယ်နဲ့အနီးဆုံး Station တစ်ခုခုမှာ ဆင်းလို့ရပါတယ်။ လေဆိပ်ကနေ မြို့ထဲထိ 25မိနစ်လောက်ပဲကြာပါတယ် ။
📖🗞 သုန်ကတော့ လေဆိပ်မှာ ရထားလက်မှတ်ဝယ်ဖို့ တန်းစီရမဲ့အချိန်ကို နှမြောလို့ မသွားခင်ထဲက KLOOK ကနေ ၀ယ်သွားပါတယ်။ KLOOK က နိုင်ငံတစ်ချို့ရဲ့ Tourist Attraction နေရာတွေရဲ့ Entrance Ticket/ Admission Ticket တွေဝယ်လို့ရတဲ့ website/app တစ်ခုပါ။ ဈေးလဲပိုချိုသလို ၀ယ်ထားသမျှ လက်မှတ်တိုင်းကို print ထုတ်နေစရာမလိုပဲ ဖုန်းထဲကနေပဲ scan ဖတ်ပြီး ကိုယ်ရောက်တဲ့အခါ လက်မှတ်တွေကို redeem လွယ်လွယ်ကူကူလုပ်လို့ရတယ်။ လူတွေအများကြီးလက်မှတ်ဝယ်ဖို့တန်းစီနေရတဲ့အခါ KLOOK ကနေ၀ယ်ထားရင် တန်းစီစရာမလိုပဲ လက်မှတ်ကောင်တာမှာ ချက်ချင်း redeem လုပ်နိုင်ပြီး အချိန်ကို safe လုပ်လို့ရတယ်လေ။ Recommend ပေးပါတယ်။
Destinations တော်တော်များများရဲ့ Attractions/Shows/Sightseeing/Activities/Food & Dining/ Transportation & Wifi တွေကို ကိုယ်သွားချင်တဲ့နိုင်ငံကိုမရောက်ခင် မသွားခင်ထဲက ရွေးချယ်ဝယ်ယူထားလို့ရပါတယ်။ သုန်ကတော့ ဒီခရီးစဉ်စဆုံး လိုအပ်တဲ့ လက်မှတ်တွေ Transportation အတွက် ရထားလက်မှတ် ကားလက်မှတ်ကအစ sim card ကအဆုံး KLOOK ကနေ ၀ယ်ခဲ့လို့ အချိန်ရော ငွေရော တော်တော်လေးသက်သာခဲ့သလောက်ပါပဲ။ သုန်သွားဖြစ်ခဲ့တဲ့ ပုံတွေတစ်ပုံချင်းစီအောက်မှာ ဘယ်လိုသွားရတယ် ဘယ်ရထားစီးရတယ် ဆိုတာတွေ အသေးစိတ်ရေးပေးထားလို့ ဟောင်ကောင် မကာအို သွားလည်ဖြစ်မယ်ဆို ဒီအတိုင်းသာလျှောက်သွား သေချာပေါက် ငွေအများကြီးမကုန် အချိန်သက်သာသာ ရောက်မှာပါ။
(ရေးပေးဖို့ပြောထားလို့သာ အသေးစိတ်မရေးနိုင်တော့ပဲ သုန်သွားနောက စီစဉ်ထားခဲ့တဲ့ ခရီးစဉ် plan ကို ဓါတ်ပုံတွေ တင်လိုက်ရတာ ဆောရီးပါ)
ဒါပေမဲ့ အောက်ကပုံတွေလမ်းညွှန်အတိုင်းသာ သေချာလေးသွား ငွေလဲသက်သာ အတွေ့အကြုံလဲရ သူတို့လူနေမှုစရိုက်ကိုလဲ ပိုသိသာမြင်နိုင်ပါတယ် ။
တကယ်လို့ သုန်ရေးထားတဲ့ အောက်က ပုံတွေရဲ့ Slide တွေ လိုချင်တယ်ဆို email ပို့ပေးလို့ရပါတယ်။
မကာအိုခရီးစဉ်တော့ အပိုင်း ၂ မှာ ဆက်မျှော်ပေးပါ 👌🏻💪🏻😂😬😍
Ps . (English လိုတွေရေးမိတာ တအားတတ်လို့မဟုတ်ရပါ။ ကိုယ်သွားတုန်းက ကိုယ့်ဘာသာဖြစ်သလိုရေးထားလို့ ခုရှိပီးသား တင်လိုက်တာပါ )

👌🏻👌🏻🙏🏻🙏🏻🤭
🏨🚞❤️
ချစ်ခြင်းများစွာဖြင့်
သုန်
#thone
#hongkong
#ဟောင်ကောင်ခရီးစဉ်

Monday, 22 May 2017

ကိုရီးယားအလည်မသွားခင် ပြင်ဆင်စရာတွေ….



ဒီအကြောင်းလေးကို ရေးဖြစ်တာက ကိုရီးယားကို TRAVEL TOUR နဲ့မသွားဘဲ

FREE & EASY သွားမည့်သူတွေအတွက် အဓိကရည်ရွယ်ထားပါတယ်။ 
ဖတ်တဲ့သူတွေအဆင်ပြေနားလည်အောင် လိုအပ်တဲ့အပိုင်းလေးတွေခွဲပေးထားပါတယ်။
၁ - ကိုရီးယား တိုးရစ်ဗီဇာလျှောက်ခြင်း
၂- လေယာဉ်လက်မှတ်ကြိုဝယ်ခြင်း
၃- Domestic flight ticket ကြိုဝယ်ခြင်း
၎- တည်းခိုနေထိုင်ဖို့စီစဉ်ခြင်း
၅- Korail Ticket ကြိုဝယ်ခြင်း ၊ Transportation အတွက်စီစဉ်ခြင်း
၆- Discount Coupon တွေယူခြင်း

စတာတွေကို သုန်ကြုံရသလောက် ရှယ်ပေးမယ်နော်။









၁ -- ကိုရီးယား တိုးရစ်ဗီဇာလျှောက်ခြင်း ဆိုတဲ့အပိုင်းမှာ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်မရသေးလို့Short term tourist visa လျှောက်ရပါမယ်။ Processing Days က ၄ရက်ပဲကြာပြီး ဗီဇာရတဲ့အခါ ရက် ၉၀ အတွင်း သွားနိုင်ပါတယ်။
ဗီဇာလျှောက်ခက USD 40.00 ပေးဆောင်ရပါမယ်။ အလုပ်ကနေခွင့်ယူပြီး ဗီဇာလျှောက်ဖို့အဆင်မပြေသူတွေအတွက် အေးဂျင့်နဲ့လျှောက်ရင် SGD 85 ပေးရပါတယ်။

လိုအပ်တဲ့စာရွက်စာတမ်းတွေက
Short Term Tourist visa လျှောက်လွှာဖောင် (သံရုံး website မှာယူလို့ရပါတယ်) ၊
၆လသက်တမ်းရှိ Passport မိတ္တူနှင့်မူရင်း (သံရုံးကို Passport စာအုပ်ပေးထားရပါမယ်)
NRIC သို့ Singapore long term pass (စင်္ကာပူမှာနေထိုင်သူများအတွက်) မူရင်း နှင့် မိတ္တူ ၊
နောက်ခံအဖြူနှင့် ၃လအတွင်းရိုက် ပက်စပို့ပုံ တစ်ပုံ
Bank Statement ၃လစာ
( စင်္ကာပူမှာနေထိုင်သူတွေအတွက် I banking သုံးသူများ မိမိဘာသာ E-statement ပရင့်ထုတ်ပြီး ဘဏ်ကိုသွားပြီး Certified Stamp ရိုက်ခိုင်းလိုက်ပါ။ အဲ့လိုမဟုတ်ဘဲ I banking မသုံးလို့ပဲဖြစ်ဖြစ် E – statement ဘယ်လိုယူရမှန်းမသိလို့ပဲဖြစ်ဖြစ်
ဘဏ်ကိုပဲအစအဆုံးအကူအညီတောင်းရရင် ဗီဇာအတွက် Bank Statement ၃လစာကို
တစ်လအတွက် $20.00 ပေးရပါတယ်။။ ၃လဆို $60.00 တောင်ပေးနေရမှာမို့ နှမြောလို့ ကိုယ့်ဘာသာ ပရင့်ထုတ်သွားကြနော်။
E-statement ဆိုတာ လစဉ် ၀င်ငွေ ထွက်ငွေအသုံးစာရင်းနဲ့ မိမိရဲ့ လစာဝင်ငွေကို တွက်ပေးထားတဲ့ Statement တစ်ခုပါ။ Ibanking သုံးသူတွေကို လကုန်တိုင်း သက်ဆိုင်ရာဘဏ်က Email ပို့ပေးသလို မိမိရဲ့ Ibanking အကောင့်ကနေလဲ ပရင့်ထုတ်လို့ရပါတယ်။ အဓိကက လစာဝင်ငွေပါတဲ့ ဘဏ်အကောင့်သာဖြစ်ရပါမယ်။ )
(မြန်မာပြည်ကနေလျှောက်သူတွေအတွက် Financial Statement မှာ USD 12,000 သို့ MMK 10,000,000 ပြရပါမယ်။ Financial Statement မရှိတဲ့သူတွေအတွက် အိမ်ထောင်စုစာရင်းထဲက မိသားစုတစ်ဦးတစ်ယောက်ရဲ့ Bank Statement သို့ Real Estate and Car Ownership Certificate ကို အိမ်ထောင်စုစာရင်း သို့ လက်ထပ်စာချုပ်နဲ့အတူတကွ တင်ပြလို့ရပါတယ်။
Company Letter (အလုပ်လုပ်နေတဲ့သူတွေအတွက် သက်ဆိုင်ရာကုမ္ပဏီကနေ အမည် ရာထူး လစာဝင်ငွေ အလုပ်စ၀င်သည့်ရက်၊ ကိုရီးယားသွားမည့်ရက် အလည်သွားမည့်အကြောင်းအရာနှင့် အလုပ်ပြန်ဝင်မည့်ရက် စတာတွေ ဖော်ပြထားတဲ့ Certificate of Employment တင်ပြရန်လိုအပ်ပါတယ်။)

၂-- လေယာဉ်လက်မှတ်ကို မိမိသွားမည့်ရက်ကို ခန့်မှန်းပြီး ၅လလောက်ကြိုဝယ်လေ ဈေးချိုလေပါ။
သုန်သုန်တို့ကတော့ ဒီဇင်ဘာအတွက်ကို မေလလောက်တည်းက ၀ယ်ထားပြီး တိုက်ရိုက် flight မ၀ယ်ပဲ ထိုင်ဝမ်မှာ Transit လေယာဉ်ဝယ်ခဲ့ပါတယ်။ စင်္ကာပူကနေ ကိုရီးယားကို
ကြာချိန် ၆ နာရီဖြစ်ပေမဲ့ Transit ၀ယ်တော့ ၉ နာရီကြာသွားပါတယ်။
အဓိက ငွေချွေတာချင်လို့ပါ။ 1 stop flight နဲ့ Direct Flight ကတစ်ခါတစ်လေ
တော်တော်လေးဈေးကွာပါတယ်။ မိမိသွားမည့်ရက် လေယာဉ်လက်မှတ်အတွက်သုံးမည့် Budget ကို တွက်ပြီး sky Scanner
https://www.skyscanner.com.sg/ ကနေ လေယာဉ်လိုင်းပေါင်းများစွာရဲ့
ဈေးနှုန်းတွေကို ရွေးချယ်ဝယ်လို့ရပါတယ်။

၃-- Domestic flight ticket ၀ယ်ခြင်းဆိုတာကတော့ Seoul ကနေ အခြား ခရီးဝေးတွေကို သွားချင်သူတွေအတွက်ပါ။ ဥပမာ Seoul ကနေ Jeju ကိုသွားချင်ရင်ကြိုဝယ်ထားလေ ဈေးချိုလေမို့ပါ။ Sky Scanner ကနေပဲ ရှာရှာ တစ်ခြား Agent Website ကနေရှာရှာ တကယ်ငွေချေတဲ့အခါ သူတို့ ကိုရီးယား Official website ကိုရောက်သွားတဲ့အတွက် ဘာသာစကားနားမလည်တာတွေ ငွေချေဖို့ Credit Card ကို Oversea သုံးဖွင့်ရတာတွေနဲ့ နည်းနည်းတော့အလုပ်ရှုပ်ပါတယ်။ ကိုရီးယားရောက်မှ သူတို့ ကောင်တာမှာဝယ်လို့ရပေမဲ့ သုန်သုန်တို့က ငွေကိုရသလောက်ချွေတာချင်လို့ ကြိုဝယ်ပါတယ်။ ဆိုးလ်ကနေ ဂျယ်ဂျူကို SGD 95 လောက်ပဲပေးခဲ့ရပါတယ်။ တကယ်တော့် ဆိုးလ်ကနေ ဂျယ်ဂျူကို Flight, Bus, Ferry စတဲ့ နည်းမျိုးစုံနဲ့သွားလို့ရပေမဲ့ မိမိအချိန်နဲ့အဆင်ပြေတာ အချိန်ကုန်သက်သာတာကိုစဉ်းစားလို့ လေယာဉ်လက်မှတ်ပဲဝယ်ဖြစ်ပါတယ်။ Flight ဆိုရင် Seoul (Gimpo) လေဆိပ်ကနေ ဂျယ်ဂျူကို ၁နာရီ၁၀မိနစ်ပဲကြာပါတယ်။ တခြားနည်းနဲ့သွားလို့ရတာတွေတော့ နောက်အပိုင်းတွေမှ ရေးပေးပါ့မယ်နော်။

၎-- ကိုရီးယားနိုင်ငံဟာ နိုင်ငံခြားသားခရီးသွားများပြားလာတာနဲ့အမျှ နေထိုင်တည်းခိုစရာတွေလဲ တော်တော်လေးရွေးချယ်စရာပေါပါတယ်။ ကိုယ်နေချင်တဲ့နေရာရယ် သွားလာလွယ်ကူတဲ့နေရာရယ်ကို အဓိကရွေးချယ်ပြီး ဈေးနှုန်းဘယ်လောက်ကျမည် ဘယ်လို Facilities တွေပါမည်ဆိုတာကို Agoda,Hotel.com, Trivago, Expedia စတာတွေကနေ Booking လုပ်ထားလို့ရပါတယ်။ ငွေကြိုပေးထားစရာမလိုဘဲ မိမိသွားမည့်ရက် နေမည့်ရက်ကို ကြိုတင် Reserve လုပ်ထားလေ ဈေးချိုလေပါပဲ။ ကိုရီးယားမှာ Hotel, Motel, Hostel တွေနဲ့ Guest House စတာတွေ တော်တော်လေးရွေးချယ်စရာများပါတယ်။ သုန်သုန်ကတော့ Agoda ကနေ Booking လုပ်နေကြမို့ https://www.agoda.com/ ကိုရီးယားမှာ ဈေးဝယ်လို့လဲကောင်း သွားရလာရအဆင်ပြေတဲ့ MyeongDong Area ကိုရွေးလိုက်ပါတယ်။ Tourist တွေအကြိုက် ဈေးဝယ်စရာတွေများပြီး ဆိုးလ်တာဝါနဲ့လဲ နီးသလို မြေအောက်ရထား Myeongdong station exit နဲ့လဲတော်တော်လေးနီးပါတယ်။ Agoda မှာပဲဖြစ်ဖြစ် တခြား website တွေကပဲဖြစ်ဖြစ် Booking လုပ်တဲ့အခါ ငွေပေးချေမှုကို မိမိနှစ်သက်ရာရွေးချယ်နိုင်ပြီး ကြိုတင်ပေးစရာမလိုတာကြောင့် သွားမည့်ရက်နဲ့ အချိန်စောလေ ဈေးချိုလို့ ဟိုတယ်ကိုတော့ ကြိုတင်ရှာထားကြပါ။

၅-- Korail Ticket ဆိုတာက တခြားမဟုတ်ပါဘူး ။ ကိုရီးယားနိုင်ငံတွင်း ခရီးဝေးသွားမည့်သူတွေအတွက် ရထားလက်မှတ်ပါပဲ။ လက်မှတ်ဈေးတွေက တသတ်မတ်တည်းရှိပေမဲ့ ရောက်မှဝယ်မယ်ဆိုလျှင် ခရီးသွားကာလလိုမျိုးတွေမှာ မိမိသွားချင်တဲ့အချိန်ဝယ်မရမှာဆိုးလို့ ကြိုတင်ဝယ်ထား Reserve လုပ်ထားချင်သူတွေအတွက် Website ပါhttp://www.letskorail.com/ebizbf/EbizBfTicketSearch.do
ဒီWebsite ကနေ မိမိသွားချင်တဲ့နေရာ အချိန် Reserve လုပ်မည့် ရထားအမျိုးအစားတွေကို ရွေးချယ်ပြီး ကြိုတင် Reserve လုပ်ကာ အဲ့ဒီ Booking Confirmation စာရွက်ကို ပရင့်ထုတ်သွားပြီး Depart station မှာ ရထားလက်မှတ်ကို ပက်စပို့စ်နဲ့ ပြပြီး ထုတ်ယူရပါမယ်။ ဥပမာ Seoul ကနေ Nami Island (Winter Sonata ဇာတ်လမ်းရိုက်တဲ့နေရာ) တို့ Petite France (My Love from the stars တို့ Running Man ) တကယ့်နာမည်ကြီးဇာတ်လမ်းတွေရိုက်သွားတဲ့နေရာတွေ (ကိုရီးယားဖန်တွေအသိဆုံးပါ :D) နိုင်ငံခြားသားခရီးသွားတွေအကြိုက်များတဲ့ အဲ့လိုနေရာတွေ သွားမည်ဆိုလျှင် Korail ကနေ ရထားလက်မှတ် ၀ယ်ရမှာမို့ အဆင်ပြေအောင် ရေးထားပေးပါတယ်။ Korail website ၀င်တဲ့အခါ ကိုရီးယားဘာသာစကားတွေကို
ညာဘက်အပေါ်နားလေးက Language မှာပြောင်းပြီး မိမိလိုချင်တဲ့ လက်မှတ်ကို တစ်လကြိုတင်ဝယ်ယူလို့ရပါတယ်
အဝေးပြေးရထားလက်မှတ်တွေအတွက်သာ ဒီWebsite ကနေ၀ယ်ရပေမဲ့ Seoul မြို့အတွင်း သွားလာမှုကိုတော့ T Money Card (Ezlink card in singapore) လိုမျိုးတွေကို ငွေဖြည့်ကာ ရထား ဘက်စ်ကား Taxi စတာတွေနဲ့ သွားတဲ့အခါ သုံးရပါတယ်။ Recharge, refund တွေကို လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ နောက်တစ်မျိုးက လူသိပ်မသိသေးတဲ့ Tourist တွေအတွက်သာသုံးလို့ရတဲ့ K Tour Card ပါ။ K tour card ကလဲ T money card လိုပဲ Transportation အမျိုးမျိုးအတွက်တင်မက ကိုရီးယားမှာ ဈေးဝယ်တဲ့အခါ လျှော့ဈေးရတဲ့ ကဒ်ပါပဲ။ ငွေဖြည့် ငွေပြန်ထုတ်ကို T money card လိုပဲ လွယ်လွယ်ကူကူလုပ်လို့ရတယ် ။ သူက ဈေးဝယ်တဲ့အခါ တစ်ချို့နေရာတွေ ပစ္စည်းတွေအတွက် Discount ရလို့ နိုင်ငံခြားသားခရီးသွားတွေ သုံးသင့်တဲ့ ကဒ်ပါပဲ။ သုန်သုန်တော့ ဘာဝယ်ဖြစ်မယ်မှန်း မသိသေးပါဘူး။

၆-- Discount Coupon အကြောင်းကတော့ ကိုရီးယားကိုအလည်သွားကြမဲ့
မိန်းကလေးတွေတော်တော်လေးသဘောကျနှစ်သက်မဲ့အရာပါပဲ။ ကိုရီးယားသွားမယ်လို့စီစဉ်လိုက်တည်းက Research လုပ်ရင်း တွေ့လာတာလေးပါပဲ။ အဲ့ဒီ Coupon တွေကို Visit Korea Committee website
http://vkc.or.kr/en/special-offers/discount-coupons/မှာ Pint out လုပ်လို့ရပါတယ်။ Cosmetic brand မျိုးစုံအပြင် အခြား tourist attraction ၀င်ကြေးတွေ ကိုရီးယား Product တွေကိုပါ Discount ချပေးထားတဲ့ ကူပွန်လေးတွေဖြစ်လို့ တော်တော်လေးဈေးသက်သက်သာသာနဲ့ရပါမယ်။ ကူပွန်တစ်စောင်ကို တစ်ဦးနှုန်း Print out ရတာမို့ Discount coupon တွေနဲ့တင် အိတ်လဲ တော်တော်လေးနေပြီ။ Print out မလုပ်ခင် သေချာစစ်ရမှာက သူတို့ Discount ပေးတဲ့ နေရာက ကိုယ်သွားလို့ အဆင်ပြေမဲ့ Branch ဖြစ်ဖို့ရယ်
ဘယ်လိုပစ္စည်းတွေအများဆုံးဈေးချတတ်လဲဆိုတာရယ် သတ်မှတ်ရက်အတွင်း သွားနိုင်မသွားနိုင်ရယ်ပါ။ သုန်သုန်ကတော့ ဈေးဝယ်ဖို့တစ်ရက်အချိန်ပေးထားလို့ Myeongdong အနီးတစ်ဝိုက် Discount coupon တွေ ပရင့်ထုတ်ထားလိုက်တော့တယ်။ :P သေချာသိချင်ရင် အဲ့ဒီဝက်ဘ်ဆိုဒ်မှာပဲ သွားဖတ်လိုက်နော်
>> http://vkc.or.kr/en/special-offers/discount-coupons/ <<

ကိုရီးယားမသွားခင် မိမိဘာသာ Research လုပ်ချင်သူတွေအတွက် လေ့လာနိုင်ဖို့ Website လေးတွေ >> http://english.visitkorea.or.kr/enu/ATR/ATR_MAIN.jsp<<<<< http://vkc.or.kr/en/visit-korea-year/committee/ <<<<<

နောက်ထပ်သိထားသင့်တာလေးတွေကတော့ ကိုရီးယားဟာ Left Driving ဖြစ်တာတွေ ။
အိမ်ပြန်လက်ဆောင်ဝယ်လာမိတဲ့အခါ သူတို့ရိုးရာအစားအစာဖြစ်တဲ့ ကင်ချီိကို 300G ထက်ပိုသယ်မရတာတွေ ။ Facial Mask တွေကို Hand Carry ထဲများထည့်မိမယ်ဆိုလျှင် 10ခုထက် ပိုလို့မရတာတွေ ။ သူတို့နိုင်ငံက Shopping mall တွေဟာ များသောအားဖြင့် ည၉နာရီမတိုင်ခင်ပိတ်တတ်တာတွေ ။ Tourist Attraction ဖြစ်တဲ့ တစ်ချို့နေရာတွေကို များသောအားဖြင့် Monday တိုင်းပိတ်တာတွေဖြစ်ပါတယ်။ ကြိုသိထားတော့ ဆင်ခြင်လို့ရတာပေါ့လေ။ နောက်ပြီး ဟိုတယ် booking လုပ်တဲ့အခါ ကိုရီးယားမှမဟုတ်ဘဲ တခြားဘယ်နိုင်ငံသွားသွား Agoda, hotel.com, Expedia တို့ကနေ၀ယ်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ငွေရဲ့ ရာခိုင်နှုန်းအနည်းငယ် (7%)ငွေပြန်ရတဲ့ Cash Back တွေအကြောင်းနောက်မှ အေးဆေးရေးပေးမယ်နော်။ သုန်သုန်ကတော့ Agoda ကနေ၀ယ်ပေမဲ့ cash back လုပ်ဖို့သတိမရခဲ့လို့ ငွေပြန်မရပါဘူး။ ဘာဝယ်ဝယ် အွန်လိုင်းကဈေးဝယ်ရတာသဘောကျသူတွေအတွက် cash back ဟာ သိသင့်သိထိုက်တဲ့ ငွေပြန်ယူနည်းပါပဲ။ နည်းနည်းများများ အချိန်ခဏစောင့်ရပေမဲ့ ငွေပြန်ရတာနည်းလားလေ။ Shop Back ကနေ ကိုယ့်ဘာသာအကောင့်ဖွင့်ပြီး Log in ၀င်ရင် စစချင်း Bonus 5$ မရတာမို့ အကောင့်ဖွင့်ချင်သူတွေ Email ပေးခဲ့ပါ။ သုန်သုန် Invite လုပ်ပေးပါ့မယ်။ စင်္ကာပူမှာ ဈေးဝယ်ရတာက များသောအားဖြင့် ဈေးကြီးတတ်တော့ ဒီလို Cash Back ရတဲ့နေရာတွေကနေ ဈေးဝယ်တဲ့အခါ ငွေကိုပြန် redeem လုပ်နိုင်တော့ တော်တော်လေးအဆင်ပြေပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုရီးယားမသွားခင် ပြင်ဆင်သင့်တာလေးတွေ သိသင့်တာလေးတွေ အကြမ်းဖျင်းတော့ သိသွားပြီထင်ပါတယ် ...Free & Easy သွားရတာက Tour နဲ့သွားတာထက်စာရင် ပင်ပန်းပေမဲ့ တော်တော်လေး ဗဟုသုတရပါတယ်။ Research ရှာတုန်းကဆိုရင် သူတိုနိုင်ငံက အခေါ်အဝေါ်တွေ လမ်းအမည် ရထားဘူတာအမည်တွေနဲ့တင် ပတ်ချာလည်လိုက်ပြီး မြေပုံတော်တော်လေး အလွတ်မှတ်သလိုကို မှတ်နေရပါတယ်။ ... တခြား ခရီးသွား စင်္ကာပူလူမျိုးတွေရဲ့ Blog တွေကနေ မိမိသွားချင်တာ သိချင်တာတွေ အကုန်ရှာရပါတယ်။( မြန်မာလိုရေးတဲ့ ကိုရီးယားခရီးသွားဘလော့ တစ်ခုပဲ တွေ့လို့ပါ)။ Blog မှာ အတွေ့အကြုံတွေ စုထားချင်တာမို့ မသွားခင် သိသင့်တာလေးတွေ သူများတွေလဲသိရအောင်ရှယ်ပေးထားတာပါ။

တစ်ခုခုလိုအပ်လွဲချော်နေပါက သုန်သုန့်ရဲ့ လေ့လာမှုအားနည်းခြင်းကြောင့်သာမို့ ပြင်ဆင်ပေး အကြံပေးကြဖို့ မျှော်လင့်ပါတယ်။

နှစ်သစ်မှာ အားလုံး အားလပ်ရက်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။

သုန်သုန်
17/12/2016

Tuesday, 13 December 2016

IKEA Singapore

 စင်္ကာပူမှာ Orchard က ကုန်တိုက်တွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ 
ကုန်စုံဆိုင် တစ်ခု ရှိပါတယ်။ အဲဒါကတော့ IKEA ပါပဲ။
ဒီ IKEA အကြောင်းကို အရင်တုန်းက တစ်ခါ ပိုစ့်တင်ဘူးပါတယ်။
ခုမှ IKEA Website လေးဝင်ကြည့်ရင်း သတိရလို့ ပြန် update လုပ်လိုက်မိတယ်။
 IKEA မှား ထူးခြားတဲ့ ကိုယ်ပိုင်ဟန်တွေ ကြောင့် လူကြိုက်များပါတယ်။ ဟိုးအရင်က IKEA ဆိုတဲ့ အမည်ကအသံထွက်ဖို့ သုန်သုန့်အတွက်တော်တော်လေး အဆင်မပြေလှဘူးရှင်။  IKEA ဆိုတဲ့ စာလုံးအကြီးတွေနဲ့ဆိုတော့ အတိုကောက်ထင်ခဲ့လို့ စိတ်ဝင်စားပြီး  wikipedia မှာ မွှေဖတ်ကြည့်မိတယ်။
 IKEA ဆိုတာ တည်ထောင်ခဲ့တဲ့ လူရဲ့ နာမည် Ingvar Kamprad (2013 ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်) ကနေ စာလုံး I & K ရယ် သူကြီးပြင်းခဲ့တဲ့ Elmtaryd ဆိုတဲ့ ယာတောကနေ စာလုံး E ရယ်  သူနေထိုင်ရာဆွီဒင် တောင်ပိုင်းက Agunnaryd ဆိုတဲ့ နေရာဒေသက စာလုံး A ကို  ပေါင်းစပ်ပြီး IKEA လို့ ခေါ်ခဲ့ပါတယ်။
ပထမဆုံး IKEA ပရိဘောကဆိုင်ကို 1958 ဆွီဒင်မှာ စဖွင့်ခဲ့ပါတယ်။ဆွီဒင်နိုင်ငံအပြင်ဘက် ပထမဆုံးဆိုင်အဖြစ် နော်ဝေး (1963) ဒိန်းမက် (1969) တို့မှာ ဖွင့်လှစ်ခဲ့တယ်။ဥရောပဘက်ကို 1970 ခုနှစ်လောက်ကစတင်တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အာရှဘက်ကို IKEAရောက်ရှိလာခဲ့ပြီး 1974 မှာ ဂျပန် 1975 မှာ သြစတြေးလျ၊ ဟောင်ကောင် နဲ့ 1978 မှာ စင်္ကာပူမှာ စဖွင့်ခဲ့ပါတယ်။ 
ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်ထားတဲ့အထဲမှာ လက်ရှိ အကြီးဆုံး  IKEA  ၅ နေရာကတော့ 
  1. GwangmyeongGyeonggiSouth Korea: 59,000 m2 (640,000 sq ft)
  1. Stockholm Kungens KurvaSweden: 55,200 m2 (594,000 sq ft)
  1. Shanghai BaoshanChina: 55,032 m2 (592,360 sq ft)
  1. Shanghai Pudong Beicai, China: 49,400 m2 (532,000 sq ft)
  1. WuxiChina: 49,117 m2 (528,690 sq ft)

တို့ဖြစ်ကြတယ်။ တော်တော် သက်တမ်း ရှည်ကြာလာတဲ့ IKEA ဟာ 2016 မှတ်တမ်းအရ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၃၈၉ ဆိုင် ဖွင့်ထားပြီးပါပြီ။ အိမ်သုံး ပစ္စည်း တိုလီမိုလီ ကနေ အသင့်ဆောက်ပြီးသား အိမ်တွေအထိ အမျိုးအမည်ပေါင်း ၁၂၀၀၀ ကျော်ကို တစ်နေရာတည်းမှာ Brand တစ်ခုတည်းနဲ့ ရောင်းနေတာပါ။ တစ်ကမ္ဘာလုံးမှာ အလုပ်သမား တစ်သိန်း တစ်သောင်းကျော် ခန့်ထားတ
ယ် ဆိုတော့ ၀န်ထမ်းပေါင်း ၉ သောင်းလောက် ရှိတဲ့ Microsoft ထက်တောင် ပိုများပါသေးတယ်။
 IKEA မှာ ဘာစိတ်ကူးလည်းတော့ မသိဘူး သူ့အဆောက်အဦး ရှေ့မှာ အလံတွေ ထူထားတယ်။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ သူ့အဆောက်အအုံကလည်း ပြတင်းပေါက် နည်းနည်းပဲ ပါပြီး ဆွီဒင်နိုင်ငံ အလံလို နက်ပြာရောင် ဂိုဒေါင်ကြီးပါ။  IKEA ဆိုတဲ့အမည်ကို အဆောက်အဦး နဖူးစီးမှာ အ၀ါရောင် တောက်တောက်နဲ့ အကြီးကြီး ရေးထားပါတယ်။ နောက်ကျမှ ဖွင့်တဲ့ (ဥပမာ) စင်္ကာပူ Tempines IKEA မှာတော့ Warehouse ကို အလင်းဖောက် အမိုးတွေ တပ်ထားပါတယ်။ Energy Saving ဖြစ်မယ်ထင်တယ်။ 
အဆောက်အဦးထဲ ၀င်လိုက်တာနဲ့ Entrance နဲ့ Exit တစ်ခုစီသာရှိပြီး ၀င်္ကဘာထဲ ရောက်သွားသလို ပြန်ထွက်ဖို့ မလွယ်တော့ပါဘူး။  တခြား ကုန်စုံဆိုင်တွေလို အတန်းလိုက် အတန်းလိုက်နဲ့ ကိုယ်ကြိုက်တဲ့ အတန်းကို တိုက်ရိုက် သွားဖို့ မလွယ်ပါဘူး။ သူဆင်ထားတဲ့ လမ်းကြောင်းအတိုင်း ဟိုငေး ဒီငေးနဲ့ သူရောင်းသမျှ ပစ္စည်းတွေကို အကုန်ကြည့်ပေတော့ပဲ။ လမ်းတလျှောက်မှာလည်း ပရိဘောဂမျိုးစုံကို လိုချင်စိတ်ဖြစ်အောင် ခင်းကျင်းထားတယ်။ သူ့လမ်းညွှန်အတိုင်းလိုက်နေရင် လမ်းကြောင်း အရှည်ကြီး တလျှောက် သွားရပေမယ့် ကြားထဲမှာတော့ ဖြတ်လမ်း မြေပုံလေးတွေ ရှိပါတယ်။ 
မ၀ယ်ဖြစ်တောင် ပရိဘောဂတွေ အိမ်အသုံး အဆောင် ပစ္စည်းတွေကို တကယ့် သဘာဝအတိုင်း ခင်းကျင်း ပြသထားတော့ ကိုယ့်အိမ်မှာ ဆိုရင် ဘယ်လို နေမယ် ဆိုတာ စိတ်ကူးလို့ ရတယ်။ Archi သမားတွေအတွက် ဒီဇိုင်းအသစ်အဆန်းတွေမြင်သာတယ် အတုယူလို့ရတယ်။ ခင်းကျင်းပြသထားတဲ့ဒီဇိုင်းတွေ ပစ္စည်းတွေကို တက်ထိုင်ကြည့်လို့ရတယ်။ မွေ့ယာတွေ ခင်းထားတဲ့ ကုတင်တွေပေါ် လှဲကြည့်လိုရတယ်။ မီးဖိုချောင်တွေကိုလည်း ဆင်ပြထားတော့ ၀ယ်ပြီးရင် ကိုယ့်အိမ်မှာ ဘယ်လိုနေမယ်ထားမယ်ဆိုတာ စဉ်းစားလို့ရတယ်။ တကယ့် အိပ်ခန်းလို၊ စာကြည့်ခန်းလို၊ မီးဖိုချောင်လို ဆင်ပြထားပြီး ရောင်းသမျှ တိုလီမိုလီ အကုန် ခင်းကျင်းပြထားတာတွေ ကြည့်ပြီး ဈေးဝယ်လာသူ ကလေးရော လူကြီးပါမကျန် ပျင်းစရာအချိန်တောင်မရှိပါဘူး။ ကလေးပါလာတဲ့ ဈေးဝယ်မိဘတွေအတွက် ကလေးကစားစရာကွင်းတွေလဲ ထားရှိပေးထားလို့ စိတ်ဖြောင့်ဖြောင့်ဈေးဝယ်လို့ရတယ်။
 ဒါပေမယ့် တစ်ခုခုမေးမြန်းချင်တဲ့အခါ . ထွက်ပေါက်မတွေ့တဲ့အခါ ၀န်ထမ်းတွေကိုတော့ ရှာဖို့အတော်ခက်ပါတယ်။ တွေ့ချင်မှလဲ တွေ့ရမှာပါ။ လိုအပ်လို မေးချင်ရင်တော့ လိုက်ရှာရနိုင်ပါတယ်။ ဒီလို ၀န်ထမ်းတွေ လျှော့ချထားခြင်းကြောင့်လဲ ပစ္စည်းရဲ့တန်ဖိုးတွေအပေါ်မှာ ဈေးသက်သာနေတာ ဖြစ်နိုင်ပါတယ်။  
IKEA မှာ သဘောကျမိတာက Catalogue ပါ။ IKEA Catalogue က တခြားဟာတွေနဲ့ မတူပဲ တစ်အိမ်လုံးမှာ လိုအပ်တာတွေကို တစ်ထိုင်တည်း တစ်အုပ်တည်းမှာ အကုန်ကြည့်လို ရတယ်။ ပြီးတော့ တချို့ပစ္စည်းတွေက သုံးရကောင်းမှန် ရှိမှန်းတောင် သိတာ မဟုတ်ဘူး။ သူ့ဆီမှာတွေ့မှ ဒါမျိုးလေးတွေ ရှိပါလား ဆိုပြီး သိရတာ။ အထူးသဖြင့် အိမ်ထောင်ပရိဘောကပစ္စည်းတွေကို Dimension  အပြည့်အစုံ ရေးထားတော့ ကိုယ့်အိမ်မှာ အဆင်ပြေမပြေ မ၀ယ်ခင် ကြိုတင်ပြီး အသေအချာ တိုင်းတွာ သိနိုင်တယ်။ အနည်းဆုံးတော့ ၀ယ်ဝယ် မ၀ယ်ဝယ် Catalogue လေးကြည့်ပြီး ကိုယ့်အိမ်မှာ ဘယ်လို ဆင်လိုက်မယ် ဆိုတာ စိတ်ကူးကြည့်လို့ ရသေးတယ်။ နောက်တစ်ခုက  Catalogue မှာ ဈေးနှုန်း တစ်ခါတည်း ပါတော့ ၀ယ်သူတွေအတွက် ပိုအဆင်ပြေတွက်ချက်လို့ရတာပေါ့။ 
ခင်းကျင်းပြထားတာတွေ ညောင်းအောင် ကြည့်ပြီးချိန်မှာ ဗိုက်ဆာလာရင် အဝေးကြီး စားသောက်ဆိုင် အပြင်ထွက် ရှာစရာမလိုအောင်  IKEA တိုင်းမှာ စားသောက်ဆိုင် ရှိပါတယ်။ နိုင်ငံတကာမှာ ဆိုင်ခွဲတွေရှိပေမဲ့ IKEA တိုင်းက အစားအသောက် MENU တွေက ခပ်ဆင်ဆင်ပါ ။ Local food တွေပဲ ကွာသွားမယ်လို့ထင်ပါတယ်။ (ကိုယ်ကလဲ စင်္ကာပူက IKEA ပဲ ရောက်ဖူးတာ မဟုတ်ပေလား)  သူရောင်းပုံကလည်း Queue တစ်လျှောက် စီပြီး လိုချင်တာတွေ ယူထည့်၊ မှာထည့်ပြီးတော့ နောက်ဆုံးမှ အားလုံးကို တွက်ပြီး ကျသလောက် ရှင်းရတာပါ။ သုန်ကတော့ IKEA ကို ဈေးဝယ်မှမဟုတ်လဲ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ကူးပေါက်သလို နေ့လည်စာ တစ်ခါတစ်လေသွားစားဖြစ်တယ်။ 
စင်္ကာပူမှာတော့ သူတို့နိုင်ငံသားတွေက အိမ်ထောင်ပရိဘောကမှန်သမျှ IKEA ကပဲ ၀ယ်ကြတယ်။ အိမ်ကို အလှဆင်ကြတယ်။ IKEA က အိမ်အသုံးအဆောင် ပစ္စည်းတွေဆို ကိုယ်လဲ အရမ်း သဘောကျတယ်။ ကြွတ်ကြွတ်အိပ် ထည့်ဖို့က အစ တူ၊ ဇွန်း၊ ပန်းကန်စင်ကနေ သေတ္တာ အဆုံး အကုန်လုံးက ဆန်းဆန်းလေးတွေ ချည်းပဲ။ ဆန်းဆန်းလေးတွေ ဆိုတာထက် အိုင်ဒီယာ ကောင်းကောင်းနဲ့ လုပ်ထားတာလေးတွေမို့ သဘောကျတာ။ အိမ်ထောင်ပရိဘောက မီးဖိုးချောင်သုံးပစ္စည်း အိမ်တွင်းအလှဆင်ပစ္စည်းမှန်သမျှ ဒီဇိုင်းဆန်းဆန်း အစုံရနိုင်တာကတော့ IKEA နဲ့ Daiso လို့ထင်မိတယ်။  အဲဒီ နှစ်ဆိုင်လုံးက စင်္ကာပူကို ခဏ လာလည်တဲ့သူတွေကို ခေါ်သွားသင့်တဲ့ နေရာတွေပဲ။ Daiso ဆိုတာကလဲ တစ်ဆိုင်လုံး ၂ ကျပ်တန်တွေ ချည်းပဲ။ ကိုယ်ဆိုရင်လဲ အဲဒီဆိုင် ရောက်ရင် တွေ့သမျှ အကုန် ကောက်ထည့်ချင်တာ။ ၂ ကျပ် ဆိုတော့လည်း တန်တယ်လေ။ တစ်ချို့ စင်္ကာပူဆိုင်တွေမှာ ရှာမရတာတွေ Daiso မှာ ရှိတယ်။ Holiday ခရီးသွားရတာ အမြဲသဘောကျတတ်တဲ့သူတွေအတွက်တော့ တစ်ခါသုံး ခရီးဆောင်ပစ္စည်းတိုလီမိုလီက အစ Daiso က ၀ယ်လို့အကောင်းဆုံးပဲလေ။ ခြုံပြောရရင် IKEA က ဘိုဆန်တယ် Daiso က Oriental ဆန်တယ်။
ကိုယ်တွေလို ကျွှန်း ပျဉ်းကတိုး ပိတောက်စတဲ့ အသားမျိုးစုံထွက်တဲ့ မြန်မာပြည်ကလာတဲ့သူတွေကတော့ IKEA က အိမ်ထောင်ပရိဘောကတွေကို သဘောကျမယ် မထင်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီဇိုင်းတွေကသာ သဘောကျစရာ လိုချင်စရာကောင်းပေမဲ့ ရေရှည်ခိုင်ခံ့မယ် မထင်ဘူးလေ။  IKEA က ပစ္စည်းတွေကို လူလတ်တန်းစားတွေသာ ၀ယ်ကြတာမဟုတ်ပါဘူး။ ဖက်ရှင် ဒီဇိုင်နာ Giorgio Armani ကလည်း သူ့ ဇိမ်ခံ ရွက်လှေမှာ IKEA က ပစ္စည်းတွေနဲ့ ဆင်ထားတယ်တဲ့။  ဆွီဒင် ဘုရင်နဲ့ ဘုရင်မကလည်း IKEA က ပရိဘောဂတွေပဲ သုံးကြတယ်တဲ့။ 
IKEA မှာ ငွေရှင်းကောင်တာက ထွက်ပြီးတောင် ၀ယ်ချင်အောင် လုပ်ထားပါသေးတယ်။ Chocolate ကြိုက်တဲ့သူတွေအတွက် နိုင်ငံတကာက Chocolate ပေါင်းစုံရှိတတ်ပါတယ်။ တစ်ခါတစ်လေ IKEA ရောက်လို့ chocolate တစ်မျိုးမျိုးဝယ်လာမိတိုင်း ကုန်သွားလို့ ထပ်ဝယ်ချင်ရင် တခြားဆိုင်တွေမှာ ရှာရခက်ပြီး IKEA မှာပဲရှိလို့ ချောကလက်အတွက်နဲ့ IKEA သွားရတဲ့ အခိုက်အတန့်တွေဖြစ်ဘူးပါတယ်။  ၀ယ်ဝယ် မ၀ယ်ဝယ် IKEA ကတော့ တစ်ခေါက်သွား လည်ပတ် ကြည့်ရှုလို့ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ 

စင်္ကာပူက IKEA မှာတော့ Fried Chicken Wing က တော်တော်ကောင်းတယ်လို့ နာမည်ကြီးတယ်။
အဲ့တော့ ဈေးသွားဝယ်ရင်း ကြက်ကြော်လေးသွားစားတဲ့အခါ ဒီပိုစ့်လေးက အထောက်အကူတစ်ခုခုဖြစ်ပါစေပေါ့။

သုန်သုန် 

Monday, 12 December 2016

စင်္ကာပူ BCA Academy - Specialist Diploma Courses လျှောက်ကြမည်ဆိုလျှင်


စင်္ကာပူ BCA Academy - Specialist Diploma Courses လျှောက်ကြမည်ဆိုလျှင်



BCA Academy မှာ ကျောင်းတတ်မည်ဆိုလျှင် ရွေးချယ်စရာ Courses တွေအများကြီးရှိတဲ့အထဲမှာမှ ဘာလို့ Specialist Diploma Courses တွေအကြောင်း အဓိကရေးရလဲဆိုလျှင် စင်္ကာပူမှာလက်ရှိ ဆောက်လုပ်ရေးနယ်ပယ်တွေမှာ အလုပ်လုပ်နေပြီး နောက်ထပ်အသက်မွေးပညာရပ်တွေကို ဆက်လက်လေ့လာချင်သူတွေအတွက် အတွေ့အကြုံတွေရှယ်ဖို့ ရည်ရွယ်မိလို့ပါ. Sharing is Caring ဆိုသလို ကိုယ်တွေရခဲ့တဲ့အတွေ့အကြုံကနေ သိသလောက် ဝေမျှတာဖြစ်လို့ တစ်ချို့အရာတွေ လိုအပ်ချက်တွေရှိကောင်းရှိနေခဲ့လျှင် အမှားပြင်ပေးဖို့ ကြိုတင်တောင်းဆိုပါတယ်။
သုန်သုန် 2013/2014 ပညာသင်နှစ်အချိန်က Specialist Dip တတ်ဖို့ ကျောင်းလျှောက်ခွင့်တင်တော့ BCA မှာ S.Dip အတွက် Courses က ၆ခု ပဲရှိခဲ့တယ်။ မနှစ်ကစတင်ပြီး ၀င်ခွင့်ဖြေဆိုရတဲ့ English Screening Test ဖြေပုံစံတွေ ကျောင်းလခပေးသွင်းရတဲ့ပုံစံတွေ ထပ်တိုး Courses တွေနဲ့ပြောင်းလဲခဲ့တယ်။ S.Dip တန်း ပညာသင်ကြားတဲ့အခါ အသက်အရွယ်မတူညီသူတွေ နယ်ပယ်အသီးသီးကလာလေ့လာကြတဲ့သူတွေ ကိုယ့်ထက်ဆောက်လုပ်ရေးနယ်ပယ်မှာ အတွေ့အကြုံအများကြီးရထားတဲ့သူတွေ လူမျိုးပေါင်းစုံ အတွေ့အကြုံပေါင်းစုံရနိုင်တဲ့ Courses တစ်ခုပါ။ အခုဆိုလျှင် BCA ရဲ့ S.Dip Courses က စုစုပေါင်း ၁၁ ခုတောင် ရှိနေပြီး မိမိနဲ့သင့်တော်မဲ့ မိမိအတွက်လက်ရှိအလုပ်ကို အဆင့်မြင့်စေမဲ့ အထူးပြုဘာသာရပ်ကိုရွေးချယ်နိုင်ပါတယ်။ ၁၁ ခုလုံးက Term Break အပါအ၀င် သင်ကြားချိန် ၁ နှစ်နီးပါးဖြစ်ပြီး Semester ၂ ခုရှိပါတယ်။ ၁၁ ဘာသာရပ်ထဲမှာမှ Building Information Modeling Courses တစ်ခုသာ ပညာသင်ကြားချိန် ၅လသာဖြစ်ပြီး Semester တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့ ၁၀ ခုကတော့ တစ်နှစ်နီးပါးလုံး ပညာသင်ကြားရတဲ့ Courses တွေနှင့် 5months (Lesson) + 4months (final project) လေ့လာရမဲ့ Courses တွေဖြစ်ကြတယ်။ တစ်နှစ်မှာ Courses ၁၁ ခုလုံးအတွက် Intake ၂ ခါရှိတတ်ပြီး BCA Website
(https://www.bcaa.edu.sg/…/academic-progr…/specialist-diploma )
မှာ Courses တစ်ခုချင်းစီကို အသေးစိတ်လေ့လာနိုင်ပါတယ်ရှင်။ ကျောင်းလျှောက်လွှာ Application Form တွေ ကျောင်းလခတွေ ကျောင်းတတ်ရက်တွေ ဘာသာရပ်တစ်ခုချင်းစီရဲ့လေ့လာသင်ယူရမဲ့အကြေင်းအရာတွေ Objectives တွေကို အပေါ်က လင့်မှာ အသေးစိတ်ဖော်ပြထားလို့ မိမိဝါသနာပါရာ မိမိလက်၇ှိအလုပ်နဲ့သင့်လျော်ရာ လေ့လာနိုင်ပါတယ်၊၊
စာဖတ်သူအချိန်ကို ငဲ့ညာပြီး ဘာသာရပ်တစ်ခုချင်းစီကို အသေးစိတ်ရှင်းပြရေးဖို့ Skip လုပ်လိုက်ပါရစေ။
ကျောင်းလျှောက်တဲ့အခါ ဘာတွေလိုအပ်လဲဆိုရင် လက်ရှိစင်္ကာပူ Construction နယ်ပယ် Industry နယ်ပယ်မှာအလုပ်လုပ်နေပြီး အနည်းဆုံးအတွေ့အကြုံလုပ်သက် ၁ နစ်လောက်ရှိထားပြီ်ဆိုရင် ကျောင်းလျှောက်ချိန်တရားဝင်ကြေညာထားတဲ့အချိန်ကစတင်ပြီး မိမိရရှိထားတဲ့ဘွဲ့တွေ အတွေ့အကြုံတွေနှင့် မိမိတတ်ချင်တဲ့ Courses ကိုလျှောက်ခွင့်ရနိုင်မရနိုင် BCA Academy ကို ဖုန်းဆက်သော်လည်ကောင်း Email ပို့မေးသော်လည်းကောင်း Verify လုပ်ပေးဖို့ စုံစမ်းနိုင်ပါတယ်။ မိမိလေ့လာမဲ့ Course ရဲ့ ကျောင်းလျှောက်လွှာ Application Form ကို Download ဆွဲပြီး လိုအပ်သောအကြောင်းအရာတွေကို လက်ရေးနှင့်ဖြစ်စေcomputer typing ရိုက်ပြီးဖြစ်စေ ဖြည့်စွက်နိုင်ပါတယ်။
လိုအပ်သောစာရွက်စာတမ်းများ
၁ . မိမိလျှောက်မဲ့ Course ရဲ့ လျှောက်လွှာဖောင် (BCA Website မှ ရယူနိုင်)
၂ . မိမိအောင်မြင်ခဲ့သော ဘွဲ့လက်မှတ် မိတ္တူ
၃ . Employment Pass မိတ္တူ
၎ . Passport မိတ္တူ
၅ . Company recommendation letter (လိုအပ်လျှင် - ဆိုလိုတာက တင်ပြနိုင်လျှင်ပိုကောင်းပါတယ်။ ကျောင်းလခငွေကို သက်ဆိုင်ရာ company မှ ပေးချေပေးမည်ဆိုလျှင်လဲ လိုအပ်ပါသည်။)
၆. အခြား Certificates မိတ္တူ
အဓိကက BCA ရဲ့ Specialist Diploma Course ကိုလျှောက်မည်ဆိုလျှင် English Screening Test လို့ခေါ်တဲ့ BCA ကကျင်းပတဲ့ အရည်အချင်းစစ်စာမေးပွဲ (၁၀၀ မှတ်ဖိုး English – Reading & Writing ) ကို အောင်မြင်မှ ကျောင်းတတ်ခွင့်ရပါမည်။ ကျောင်းလျှောက်ခွင့်သတ်မှတ်ရက်ကစတင်ပြီး ကျောင်းမတတ်ရခင် ၃ လလောက်အလိုမှာ အရည်အချင်းစစ်စာမေးပွဲကို ကျင်းပတတ်ပါတယ်။ ပုံမှန် ညနေ ၆ နာရီကနေ ၈ နာရီထိ ထိုစာမေးပွဲကို ဖြေဆိုရပါတယ်။ ဖြေဆိုခွင့်ရ ကျောင်းသားတွေကို Email ဖြင့်အကြောင်းကြားစာပို့ပေးပြီး စာမေးပွဲကြေး စင်္ကာပူဒေါ်လာ 23 ကျပ်ကို သတ်မှတ်ရက်အတွင်း ပေးချေရပါမယ်။ ဒီနေရာမှာ တစ်ခုသတိပေးရရင် BCA Academy သည် ကျောင်းကိစ္စနှင့်ပတ်သတ်သမျှ အကြောင်းကြားစရာကိစ္စများကို တစ်ခါတစ်လေ ကာယကံရှင်ကျောင်းသူ/ကျောင်းသားဆီသို့ အသိပေးအကြောင်းကြားရာမှာ နောက်ကျတတ်သောကြောင့် မိမိကျောင်းလျှောက်ထားလျှင် BCA မှအကြောင်းကြားစာကိုပဲ ထိုင်စောင့်မနေပဲ သတ်မှတ်ရက်နီးလေ ဖုန်းဆက်မေးသင့်ပါတယ်။ (ကိုယ်တိုင်ကြုံဘူးလို့ပါ - စကားချပ် :) )
English Screening Test ဖြေဆိုအောင်မြင်တဲ့ Applicants တွေကို ကျောင်းတတ်ခွင့်ရ Offer နှင့်အတူ ကျောင်းလခပေးသွင်းရက်ကိုပါ Email ပို့အကြောင်းကြားပေးပါတယ်။ သုန်သုန်တို့ 2013/2014 ပညာသင်နှစ်ပြီးနောက်ပိုင်းကစတင်ပြီး ကျောင်းလခကို semester တစ်ခုမစခင် ၂ခါ ခွဲသွင်းခွင့်မပေးတော့ပဲ ကျောင်းတတ်ခွင့် Offer ရသည်နှင့် တစ်ကြိမ်တည်းသာ ငွေပေးချေရမည့်စနစ်ကို ကျင့်သုံးခဲ့ပါသည်.။ ကျောင်းတတ်ခွင့်ရသည်နှင့် ငွေပေးချေပြီးသည့်အခါ BCA Academy မှ Document Verification ပြုလုပ်ရန် ကျောင်းသို့ ညနေပိုင်းတစ်ရက်သွားရပါမည်။ မိမိလျှောက်ခဲ့သောကျောင်းလျှောက်လွှာနှင့်အတူ တင်ပြခဲ့သော ဘွဲ့လက်မှတ် စာရွက်စာတမ်းများကို မူရင်းနှင့် မိတ္တူစစ်ဆေးခြင်း Document Verification လုပ်ခြင်းဖြစ်ပါတယ်။
BCA Academy – Specialist Diploma Course တွေရဲ့တစ်ခုအားသာချက်က အခြား တက္ကသိုလ်များလို IELTS/TOEFL Result တွေမလိုအပ်ပဲ ဆောက်လုပ်ရေးနယ်ပယ်အသီးသီးက မိမိအလုပ်အတွေ့အကြုံတွေကို အဆင့်မြင့်ပညာရပ်တွေ ထပ်တိုးလေ့လာနိုင်တဲ့ Short course တစ်ခုဖြစ်တာကြောင့် လေ့လာဖို့အခွင့်အရေးတွေလွယ်ကူပါတယ်။
Semester 2 ခု သင်ကြားအောင်မြင်တတ်မြောက်ပြီးတဲ့အခါမှတော့ intake ၂ ခုပေါင်းပြီး Graduation Ceremony ကို တတ်ရောက်ရမှာဖြစ်ပါတယ် ။
စင်္ကာပူနိုင်ငံအစိုးရအသိအမှတ်ပြုကျောင်းတစ်ခုဖြစ်တဲ့အတွက် အခြား Bsc , Msc တွေ ဆက်သင်ကြားဖို့ နိုင်ငံခြားတက္ကသိုလ်တွေ ထပ်လျှောက်တဲ့အခါ ဒီ S.Diploma ဟာ တော်တော်လေး အထောက်အကူပြုစေပါတယ် ။
ကျောင်းလျှောက်ပုံ English Screening Test အသေးစိတ်အကြောင်း စာရွက်စာတမ်းအကြောင်း အသေးစိတ် သိရှိလိုပါက အတတ်နိုင်သမျှ အတွေ့အကြုံတွေရှယ်ပေးပါ့မယ် ။
ယခုလက်ရှိအချိန်ထိ သင်ကြားလေ့လာနိုင်တဲ့ BCA Academy - Specialist Diploma Courses ၁၁ ခုကတော့
1 / Specialist Diploma in Architectural Technology
Duration: Approximately 1 year including term break
2/ Specialist Diploma in Building Cost Management
Duration: Approximately 1 year including term break
3/Specialist Diploma in Building Information Modeling
Duration: 5 months
4/Specialist Diploma in Construction Management
Duration: Approximately 1 year including term break
5/Specialist Diploma in Construction Productivity
Duration: 5 months lessons + 4 months final project
6/Specialist Diploma in Design for Manufacturing & Assembly (DfMA)
Duration: 5 months lessons + 4 months final project
7/Specialist Diploma in Facility & Energy Management
Duration: Approximately 1 year including term break
8/Specialist Diploma in Interior & Landscape Design
Duration: Approximately 1 year including term break
9/Specialist Diploma in Lean Construction
Duration: 5 months lessons + 4 months final project
10/Specialist Diploma in M&E Coordination
Duration: Approximately 1 year including term break
11/Specialist Diploma in Virtual Design & Construction (VDC)
Duration: 5 months lessons + 4 months final project
တို့ ဖြစ်ပါတယ် ။ မိမိနဲ့သင့်လျော်ရာ မိမိဝါသနာပါသော Courses တွေကို အပေါ်က BCA Website link မှာ အသေးစိတ်လေ့လာပြီး ကျောင်းလျှောက်တဲ့အခါ ယခုပိုစ့်ဟာ အထောက်အကူပြုစေနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။
ကျေးဇူးတင်ပါတယ်!
Good Luck
သုန်သုန် (13-11-2016)



Thursday, 10 November 2016

စင်္ကာပူ NUS မှာ ကျောင်းလျှောက်တော့မည်ဆိုလျှင်..

စင်္ကာပူ NUS မှာ ကျောင်းလျှောက်တော့မည်ဆိုလျှင်..

တလောက မြန်မာပြည်က အင်ဂျင်နီယာကျောင်းတွေ အောင်စာရင်းထွက်ခဲ့တယ်။
တစ်ချို့လဲ BE အောင်မြင်ခဲ့ပြီး Master ဆက်တတ်ဖို့ အခွင့်အရေးရသလို တစ်ချို့လဲ မရကြဘူး။
တစ်ချို့အသိသူငယ်ချင်းတွေရဲ့ ညီ/ညီမ တွေ စင်္ကာပူမှာ မာစတာတန်းအတွက် ကျောင်းတတ်ချင်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး မေးလာတာလေးတွေများလာလို့ ဒီအကြောင်းအရာလေးကို ရေးဖြစ်လိုက်တာပါ။
ဒီအကြောင်းအရာမှာ NUS (National University of Singapore) ကျောင်းရဲ့ အကြောင်းအရာတွေကိုသာ အဓိက ရေးထားပါတယ်။ 
သုန်ကိုယ်တိုင်လဲ NUS မှာ Master တန်းအတွက် ကျောင်းလျှောက်ထားဖူးတဲ့ အတွေ့အကြုံအပြင် ကျောင်းဝင်ခွင့်ရရှိခြင်း အတွေ့အကြုံမရှိတော့ တစ်ချို့အရာတွေဟာ လွဲမှားခဲ့သည်ရှိသော် အမှားပြင်ပေးဖို့ ကြိုမေတ္တာရပ်ခံပါရစေ။
သုန်သုန် စင်္ကာပူမှာ ရှိနေခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်းမှာ NUS မှာ Msc (Course work) အတွက် ၃ ကြိမ် NTU မှာ ၃  ကြိမ်တိတိ ကျောင်းလျှောက်ခဲ့ဘူးပါတယ်။
ကျောင်းဝင်ခွင့်မရရှိခဲ့ပါဘူး။  :( 
၂၀၁၆ ဇွန်လမှာတော့ UK နိုင်ငံ တက္ကသိုလ်တစ်ခုကနေ စင်္ကာပူမှာ Distance Learning လေ့လာဖို့ပဲ ကျောင်းလျှောက်ခဲ့တာ အရင်လက Offer ရခဲ့ပါတယ်။
ဒါကြောင့် ဒီပိုစ့်ဟာ NUS နဲ့ NTU တစ်ခုခုမှာ ကျောင်းဆက်တတ်ချင်သူတွေအတွက် အထောက်အကူ တစ်ခုခုဖြစ်စေဖို့ရန် ရည်ရွယ်ပြီး လေ့လာသိသမျှရှယ်ပေးခြင်းသာဖြစ်ပါတယ်။ 

NUS မှာ မြန်မာပြည်ကနေ BE ပြီးခဲ့ပြီး Master တန်းအတွက် ကျောင်းတတ်ချင်သည်ဆိုကြပါစို့။
ဘာတွေလိုအပ်မလဲသိဖို့အရင်ထက် NUS မှာ ကိုယ်က Master တန်းအတွက် ဘယ်ဘာသာရပ်ကို အထူးပြုလေ့လာချင်တာလဲ ? 
ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်ရော ရှိရဲ့လား? ရှိတယ်ဆို ဘာအကြောင်းအရာတွေကို အဓိကသင်ကြားမှာလဲ ? ဆိုတဲ့ Overview အနည်းအကျဉ်းတော့ သိထားသင့်ပါတယ်။ (ရှည်မှာဆိုးလို့ ဒီမှာဖော်မပြတော့ပါ)
NUS website မှာ အသေးစိတ်ရှင်းပြထားပါတယ်။ 
ရှာရတာ အဆင်မပြေရင် အောက်ကလင့် မှာ PDF file Download ရယူနိုင်ပါတယ်.။

ဒေါင်းလို့မရရင် Email ထားခဲ့လို့ရပါတယ်။ Email ပို့ပေးပါမယ်။ 

Recommendation letter နမူနာဖြစ်ပါတယ် ။


NUS မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ Master အတွက် Coursework Program နဲ့ Research Program ဆိုပြီး ၂ မျိုး ရှိပါတယ်။
Coursework Program - Regular Msc Programmes တစ်ခုဖြစ်ပြီး 
Research Program - MEng Programmes ဖြစ်ပါတယ်။ 
Program ၂ ခုလုံးက တစ်နှစ်ကို Intake ၂ ခု ရှိပါတယ် (January Intake & August Intake) ပါ
Intake တစ်ခုမတိုင်ခင် ၆လလောက်ကြိုတင်ကျောင်းလျှောက်ရပါမယ်.။ 
 ကျောင်းဝင်ခွင့်ရမရကို Jan Intake ဆိုရင် နိုဝင်ဘာမှာ Application Status သိနိုင်ပြီး August Intake အတွက်ဆို မေလလောက်မှာ သိနိုင်ပါတယ်။
ကျောင်းတတ်ခွင့်ရခြင်းမရခြင်းကို သူတို့ရဲ့ Website မှာ ကိုယ့်ရဲ့Application No နဲ့စစ်နိုင်သလို Email နဲ့လဲ အကြောင်းကြားစာပို့ပေးပါတယ်။
ကျောင်းလျှောက်ရာမှာ Online Application & Manual Application ဖြစ်ပြီး Local Applicants အတွက်ရော International applicants အတွက်ပါ အဆင်ပြေအောင် ပြည့်ပြည့်စုံစုံလမ်းညွန်ထားပါတယ်.
ဒီလင့်က NUS ကျောင်းရဲ့ Program 2 ခုလုံးအတွက် ကျောင်းစတင်လျှောက်ရမဲ့ Link ပါ ။ လေ့လာနိုင်ပါတယ်  http://www.gse.nus.edu.sg/applications.html

Online Application Fee က စင်္ကာပူဒေါ်လာ ၂၀ ဖြစ်ပြီး Manual Application fee ကတော့ ၄၀ ဒေါ်လာဖြစ်ပါတယ်။
ကျောင်းလျှောက်ခြင်းအတွက် ငွေပေးချေထားတဲ့ Slip ကို Physical Verification လုပ်တဲ့အခါ တပါတည်းတင်ပြရမည်ဖြစ်လို့ သေချာသိမ်းထားဖို့ သတိပေးပါရစေ။

စင်္ကာပူမှာ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ် မြန်မာပြည်ကနေ Bachelor ဘွဲ့ရပြီးပဲဖြစ်ဖြစ် မာစတန်းတတ်မယ်ဆို Coursework Program ကိုပဲရွေးချယ်ဖို့အကြံပေးပါရစေ။
Coursework Program က ကျောင်းဝင်ခွင့်ရော ကျောင်းတတ်ခွင့်ပါ ရနိုင်ချေအခွင့်အရေးများတယ်။ 
Research program ကတော့ ကျောင်းတတ်ခွင့် Offer ရဖို့ တော်တော်လေးအခွင့်အရေးနည်းပါတယ်။
ခု Coursework Program နဲ့ပတ်သက်ပြီး ကျောင်းဝင်ခွင့်အတွက်လိုအပ်တာတွေ ပြောရရင်
Online Application မှာ လိုအပ်တဲ့ Data တွေ Document တွေနဲ့ Submit  ပြီးရင် အဲ့ဒီ လျှောက်လွှာကို Print ထုတ်ထားဖို့လိုအပ်ပါတယ်။ 
ဘာလို့လဲဆိုတော့ Online Application အပြင် Physical Verification လုပ်ရန်အတွက် ကျောင်းလျှောက်လွှာ ဘွဲ့လက်မှတ်
 ကိုယ်အောင်မြင်ခဲ့တဲ့ ဘာသာရပ်ရဲ့ Grading, Transcript တွေ အမှတ်စာရင်းတွေ Result တွေ အခြား Certificate တွေ စာတိုက်ကတဆင့် တင်ပြရပါတယ်။
မိမိလျှောက်မဲ့ အထူးပြုဘာသာရပ်တစ်ခုချင်းစီအတွက် အောက်ပါ စာရွက်စာတမ်းတွေ တင်ပြဖို့လိုအပ်ပါတယ်။
၁ - NUS ကျောင်းဝင်ခွင့်လျှောက်လွှာဖောင်
၂ - ကျောင်းလျှောက်လွှာကြေးအတွက် ငွေပေးချေထားတဲ့ Slip 
၃ - Passport စာမျက်နှာ မိတ္တူ
၎ - Employment Pass မိတ္တူ ( စင်္ကာပူမှာ နေထိုင်နေသူတွေများအတွက်သာ)
၅ - မိမိအောင်မြင်ခဲ့တဲ့ ဘွဲ့လက်မှတ်မိတ္တူ
၆ - တက္ကသိုလ်တတ်ခဲ့သော ၅ နှစ်တာကာလအတွင်းရရှိခဲ့သော နှစ်စဉ်အမှတ်စာရင်း
၇ - Grading Result
၈ - Official Transcript / GPA 
၉ - တစ်နှစ်လျှင် စင်္ကာပူဒေါ်လာ အနည်းဆုံး 25,000 ၀င်ငွေ ရှိသော ငွေကြေးအထောက်အထားစာရင်း 
(ဒီနေရာမှာ မြန်မာပြည်က Full Time ကျောင်းလျောက်မဲ့သူတွေ နဲ့ စင်္ကာပူမှာ အလုပ်မလုပ်နေသူတွေအတွက်ကတော့ 
တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၂၅၀၀၀ နှင့်ညီမျှသော ငွေကြေးအထောက်အထား Bank Statement တစ်ခုတင်ပြနိုင်ရမည်ဖြစ်ပါသည်)
၁၀ - IELTS (Academic) result (အနည်းဆုံး Result 6.5) ဒါမှမဟုတ်  TOEFL scoresheet (Min 600 for paper-based test), (Min 250 for computer-based test), (92 for internet-based test)
တစ်ခုခုတင်ပြနိုင်ရမည်
၁၁ - မိမိတတ်မြောက်အောင်မြင်ခဲ့သော တက္ကသိုလ် English Department နှင့်  Major Department ဆီမှ Recommendation Letter 

အထက်ပါ ၁၁ ချက်လုံး (မိတ္တူ) ကို Online Application ပြီးတာနဲ့ သတ်မှတ်ရက်အတွင်း NUS ကျောင်းရဲ့သတ်မှတ်လိပ်စာအတိုင်း စာတိုက်ကတဆင့်ပေးပို့ရပါမယ်။
နောက်ထပ်သတိထားရမဲ့အချက်ကတော့ Online Application ပဲလုပ်လုပ် Manual Application လုပ်လုပ် ကျောင်းလျှောက်လွှာမှာ Objectives ရေးပေးရမဲ့နေရာတစ်ခုပါပါတယ်။
အဓိကကတော့ ကိုယ်ဘာလို့ ဒီတက္ကသိုလ်တတ်ချင်ရတာလဲ ၊ ဒီဘာသာရပ်ကိုဘာကြောင့်ရွေးချယ်တာလဲ ။ ဒီဘာသာရပ်ကို တတ်မြောက်အောင်မြင်ပြီးရင် ကိုယ်ဘာတွေလုပ်မလဲဆိုတဲ့ Objectives ကို အနည်းဆုံး A4 ၃ မျက်နှာလောက်ရေးတင်ရပါတယ်။
သူတို့သတ်မှတ်ပေးထားတဲ့နေရာက မလုံလောက်တဲ့အတွက် အခြားအပို A4 စာရွက်သုံးပြီး တင်လို့ရပါတယ်။
 စာတိုက်ကနေ Document တွေပို့တဲ့အခါ အဲ့ဒီ A4 စာရွက် မေ့တတ်ကြပါတယ်။ သတိထားဖို့ပ့ါ.။

စင်္ကာပူမှာလက်၇ှိအလုပ်မလုပ်ပဲ မြန်မာပြည်ကနေ Full Time လျှောက်ကြမဲ့ International Applicants တွေအတွက် အဓိကလိုအပ်တာကတော့
IELTS result (or) TOEFL score သူတို့သတ်မှတ်ထားတဲ့ အမှတ်မှီဖို့အရေးကြီးပါတယ်။
နောက်တစ်ချက်က Bank Statement ပါပဲ. 
ကျောင်းတတ်ခွင့်ရသွားရင် ဒီ၂နှစ်တာကာလအတွင်း ဘယ်သူက ကျောင်းစာရိတ်အတွက် ထောက်ပံ့ပေးမလဲဆိုတဲ့ တိကျခိုင်လုံတဲ့ အထောက်အထားလိုအပ်ပါတယ်။ 
ဆိုလိုတာက ကျောင်းစားရိတ်ထောက်ပံ့သူရဲ့ ငွေစာရင်း (fixed deposit account or saving accounts) စင်္ကာပူဒေါ်လာ ၂၅၀၀၀ နဲ့ ညီမျှတဲ့ ငွေကြေးပမာဏတစ်ခုတင်ပြရန်လိုအပ်ပါတယ်။ 
Tuition Fee ကတော့ Full Time အတွက် $18,100 per semester ဖြစ်ပြီး  Part Time အတွက် $9,050 per Semester ဖြစ်ပါတယ်။ (2016/2017 ပညာသင်နှစ်အတွက်သာ) 
တစ်နှစ်နဲ့တစ်နှစ် ကျောင်းလခ အပြောင်းအလဲ နှင့် အခြားစာရွက်စာတမ်းအပြောင်းအလဲများကို ကျောင်းမလျှောက်ခင် NUS website မှာ Download ရယူနိုင်ပါတယ်
အောက်ပါဘာသာရပ်တွေက NUS မှာ Msc (Coursework) အတွက် 2017 Intake မှာ သင်ယူလေ့လာနိုင်တဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

PROGRAMMES AVAILABLE BY COURSEWORK (2017 INTAKE)

Master of Science (Msc) 

1. Chemical Engineering
2. Civil Engineering
3. Electrical Engineering
4. Environmental Engineering
5. Geotechnical Engineering
6. Hydraulic Engineering and Water Resources Management
7. Industrial & Systems Engineering
8. Intellectual Property Management
9. Management of Technology
10 . Materials Science & Engineering
11. Mechanical Engineering
12. Offshore Technology
13. Safety,Health And Environmental Technology
14. Systems Design Management
15. Transportation Systems & Management

တို့ပဲဖြစ်ပါတယ်။
ပညာရေးဟာ အသက်ဘယ်လောက်ပဲကြီးကြီး ကိုယ်ရင်းနှီးမြုပ်နှံရင် မြုပ်နှံသလောက် ပြန်ရတတ်တဲ့ စီးပွားရေးဖြစ်တာမို့
 မိမိဝါသနာ မိမိအရည်အချင်းနှင့် ထပ်တူညီတာတွေ ရွေးချယ်လေ့လာနိုင်ကြပါစေဖို့ ဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်။
Good Luck.

သုန်သုန် 
10 Nov 2016