မင်္ဂလာဆောင်ကြသည်ဆိုရာဝယ်.....
နောက်နှစ်ဆို အသက် ၃၀ ပြည့်ပြီ....
ရှေ့လဆို သတင်းကျွှတ်ပြီ...
ဒါ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအရွယ်လို့ မိမိဘာသာတစ်ဦးတည်း ဆုံးဖြတ်ထားတဲ့ အချိန်အပိုင်းအခြား.
မိန်းကလေးသဘာဝ တစ်သက်မှာတစ်ခါပဲရတဲ့ဆုလဒ်မိုလို့ မင်္ဂလာအခမ်းအနားကို မျှော်လင့်ချက်တွေများတတ်ကြတာ မိန်းကလေးတိုင်းဖြစ်သည်။
အသေးအဖွဲ့လေးကအစ ကိုယ်တိုင်စီစဉ်လိုက်ရမှ ကျေနပ်တာမျိုးဖြစ်သည်.။
ကိုယ်ရွေးချယ်ထားတဲ့လက်တွဲဖော်က ရိုမန်တစ်ဆန်တတ်သလား သာမန်အေးဆေးသမားကြီးပဲလား ဆိုတာတော့ ကိုယ့်လူပေါ်မူတည်သည်.။
ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ မင်္ဂလာပွဲတစ်ခုလုံးကို စီစဉ်ဖို့ လုံးဝစိတ်မ၀င်စားကြဘူး။ ဖိတ်စာရွေးတာကအစ ကိုယ့်သဘော.။ ၀တ်စုံရွေးပြန်တော့ မင်းကြိုက်တဲ့အရောင်လေး ယူပါကွာ ဆိုပြီး အပြော။
စကားလုံးအလှလေးသုံးပြီး ကိုယ့်ချစ်သူစိတ်တိုင်းကျ စီစဉ်ပါကွာဆိုပြီး သူတို့အပျင်းကို ဖုံးတတ်ကြသည့်သဘော။
အဲ့တော့ ကိုယ်တွေများ မိန်းမသားသည်လဲ ကိုယ့်ပွဲလေးကိုတော့ တတ်နိုင်သလောက် အလှဆုံးဖြစ်အောင် စီစဉ်ချင်ကြသည်။
မိန်းကလေးတိုင်းမှာ စိတ်ကူးကိုယ်စီကတော့ ရှိကြမှာ ငြင်းမရပါဘူး။
ကိုယ်တောင်ရှိသေးတာပဲ။
ကိုယ့်အခြေအနေ ကိုယ့်အတိုင်းတာနဲ့ကို ဘယ်မိန်းကလေးမဆို သူတို့မင်္ဂလာပွဲလေးကိုတော့ အခမ်းနားဆုံးဖြစ်ချင်ကြတာ ထုံးစံပါ။
မင်္ဂလာပွဲဆိုတာ တစ်ချို့အတွက်တန်ဆာဖြစ်နေပေမဲ့ တစ်ချို့အတွက်တော့ ၀မ်းစာလဲဖြစ်တယ်လေ။
၁ . မင်္ဂလာဆောင်ဖိတ်စာ ...
တစ်ချို့ မြန်မာလူမျိုးတွေက ဖိတ်စာကြီးကို တခမ်းတနားလုပ်ကြသည်။ တကယ်က ဖိတ်စာဆိုတာ ကိုယ်တွေအတွက် အမှတ်တရဖြစ်ပေမဲ့ အဖိတ်ခံရမဲ့သူအတွက် ဖတ်ပြီးရင် အမှိုက်ဖြစ်မဲ့အရာမျိုးလေ.။
အဲ့တော့ ပုံမှန်ဖိတ်စာဒီဇိုင်းလှလှတစ်စောင် ၃၀၀၀ တန်လောက်ကို ကိုယ်ကသတ်မှတ်ထားတယ်ဆိုပါစို့.။
သုန်ကတော့ ဖိတ်စာမှာ ကိုယ့်ဘက် သူ့ဘက်ဆွေမျိုးတွေအများကြီး ဂုဏ်တွေအများကြီးထက် အရေးကြီးဆုံးဆိုတာမျိုးပဲ စကားလုံးရွေးချယ်မည်။
တိုတိုရှင်းရှင်းနဲ့ အဖိတ်ခံရတဲ့သူလဲ အသုံးဝင်အကျိုးရှိစေမည့် ချစ်စရာကောင်းတဲ့ပစ္စည်းလေးပဲရွေးသည်။
ဥပမာ.. မြင်သာအောင်ပြောရရင် ခေါက်ယပ်တောင်မျိုးလေးတွေပေါ့.
ဒီဇိုင်းလှလှ စကားလုံးလှလှလေးတွေ စာစီပေါ့.။ အဖိတ်ခံရတဲ့သူလဲ သေချာပေါက် ဖတ်ပြီးရင် ပစ်လိုက်မှာမဟုတ်သလို နွေရာသီအတွက်လဲ သူတို့အသုံးဝင်တယ်လေ။
မသုံးချင်တောင် အိမ်အလှဆင်ဖို့ နံရံမှာအလှကပ်လဲရတာပဲ။
နောက်တစ်မျိုးက ဖုန်းထည့်လို့ရတဲ့အိတ်ဒီဇိုင်းလေးတွေထဲ ကိုယ်တွေဖိတ်စာကဒ်ပြားလေး ထည့်ပေးလို့ရတယ်လေ။
ကိုယ်အတွက်လဲအမှတ်တရဖြစ် သူတို့အတွက်လဲ အသုံးဝင်မဲ့အရာမျိုးကိုရွေးကြပါ။
ဖိတ်စာကြီး တစ်စောင် ၅၀၀၀ တန်လောက်သုံးပြီး အဖိတ်ခံရသူလဲ အသုံးမ၀င် အမှိုက်ထဲရောက်မဲ့အဖြစ်မျိုးတော့ သုန်သုန် အရမ်းနှမြောသည်။
၂. ခန်းမ
သူ့ဘက်အသိုင်းအ၀ိုင်း ကိုယ့်ဘက်အသိုင်းအ၀ိုင်းရှိတာမို့ ဒီနေရာမှာတော့ ငွေကြေးထက် သွားရလာရအဆင်ပြေလွယ်ကူသက်သာစေမဲ့နေရာမျိုးသာ ရွေးချယ်သင့်တယ်လေ။
၃ . အစားအသောက် အကျွေးအမွေး
ဒီနေရာမှာ သုန်သုန့်အမြင်နဲ့အထင်ဆိုရရင် တကယ်တော့ မင်္ဂလာပွဲလာကြတဲ့ လူ ၁၀၀၀ မှာ ၈၀၀ လောက်က အစားအသောက်ထက် သတို့သား သတို့သမီး အခြေအနေ .. နှစ်ဖက်မိဘ အသွင်အပြင် . မင်္ဂလာပွဲအနေအထား အဲ့ဒါတွေ အဓိက ပိုစပ်စုချင်ကြတယ်လေ။
ကိုယ်တွေက တခမ်းတနားကြီး အစားအသောက်တွေဧည့်ခံတယ်ထားဦး။ သူတို့မယ် ဒီမင်္ဂလာပွဲ ၅ နာရီလောက်အတွင်းမှာ အရသာခံမစားနိုင်ရှာပါဘူး ။ စကားတွေပြောရတယ် ဝေဖန်ရတယ် သုံးသပ်ရတယ် (ပြုံးပြုံးလေးပေါ့လေ) ။။။ ဟီးဟီး
ဒါကြောင့် အစားအသောက်ကိုလဲ လူတိုင်းနဲ့ သင့်တော်မဲ့ menu မျိုးကို နည်းနည်းလေးနဲ့ အရသာရှိအောင်သာ ရွေးချယ်ပါ။ Waste အဖြစ်မခံပါနဲ့။
၎ . သတို့သား သတို့သမီး အ၀တ်အစား ၊ မိတ်ကပ်
အင်း... ဒီအပိုင်းကတော့ ကိုယ်ချဲ့ရင် ချဲ့သလောက်မို့ အများကြီးပြောစရာမရှိပါဘူး။
၅ . Wedding Gift
မင်္ဂလာအမှတ်တရပစ္စည်းပေးတဲ့နေရာမှာတော့ မြန်မာတွေက အတော်လေး ရက်ရောကြတယ်။ အသုံးအဆောင်လေးတွေပေးတတ်ကြတယ်။
ကိုယ့်စိတ်ကူးပြောပါဆို .. မြန်မာပြည်မှာဆို ထီလက်မှတ်. စင်္ကာပူမှာဆို စင်္ကာပူထီလက်မှတ် ..လက်ဆောင်ပြန်ပေးဖြစ်မှာပါ။
ဘာလို့လဲဆို ကိုယ့်မင်္ဂလာပွဲကိုလာရောက်ကြတဲ့သူတွေဆိုတာ ကိုယ်ကလဲ မေတ္တာရှိလို့ဖိတ်ကြသလို သူတို့ကလဲ မေတ္တာကြောင့်လာရောက်ချီးမြှင့်ကြတဲ့သဘောလေ။
အဲ့တော့ ကိုယ့်မင်္ဂလာအမှတ်တရပစ္စည်းလေးက သူတို့အတွက် အသုံးတန်သည်ဖြစ်စေ မဖြစ်စေ ထီလက်မှတ်ဆိုတာမျိုးက တစ်ဦီးမေတ္တာတစ်ဦးကြောင့် ကံထူးသွားရင် ၀မ်းမသာရဘူးလား။။။
တခြားအသုံးအဆောင်ပစ္စည်းဆိုတာမျိုးကလဲ ဘယ်သူကမှတော့ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သိမ်းထားနေမှာမဟုတ်ကြဘူးလေ။
ကိုယ်ဆိုရင်တောင် သူငယ်ချင်းမင်္ဂလာပွဲတွေဆီကရတဲ့ အမှတ်တရပစ္စည်းလေးတွေ မသုံးဖြစ်ပဲ အခန်းရှင်းမှ ထွက်ထွက်လာတာတွေများသည်။
၆ . Dinner Party
ဒါကတော့ လူငယ်တွေသဘာဝ ပျော်ကြတဲ့ပွဲမို့ လွတ်လွတ်လပ်လပ်ကျင်းပတာထက် အမှတ်တရဖြစ်စေမဲ့အစီအစဉ်မျိုးသာ တွေးစေချင်တယ်။
၇ . Honeymoon Trip
သွားရမယ်လို့လဲ မဆိုလိုပါဘူး။ တတ်နိင်လို့ သွားကြတဲ့သူတွေရှိသလို မတတ်နိုင်လို့ မအားကြလို့ မသွားကြတဲ့ စုံတွဲတွေလဲအများကြီးပါ။
ဒါကတော့ ကာယကံရှင် ၂ ဦးရဲ့သဘောထားနဲ့သာဆိုင်ပါတယ်။
တကယ်တော့ မင်္ဂလာပွဲတစ်ပွဲဆိုတာ ၁ ရက်လောက်ပဲကြာလိုက်ပေမဲ့ စီစဉ်ရတဲ့ သူတွေအတွက်တော့ မင်္ဂလာပွဲမတိုင်ခင် ၆လလောက်တည်းကအလုပ်၇ှုပ်လှသည်။
နှစ်ဘက်မိဘတွေ့ကြရတယ် . .. စေ့စပ်ရတယ် .Pre Wedding ရိုက်ရတယ် .မင်္ဂလာပွဲအတွက် စိတ်တိုင်းကျဖို့ စီစဉ်ရတာနဲ့ သတို့သားရောသတို့သမီးရောက အလုပ်ရှုပ်သူတွေသာဆို ရူးချင်စိတ်တောင်ပေါက်လှတယ်။
အခမ်းအနားဆုံး အကြီးအကျယ်ဆုံးဆိုတာထက် ကိုယ်စိတ်ချမ်းသာမဲ့အစီအစဉ်မျိုးပဲ ရွေးချယ်သင့်ပါတယ်။
ပုံမှန် မင်္ဂလာပွဲတစ်ခုဟာ အနည်းဆုံးမကုန်ဘူးဆို သိန်း ၅၀ နဲ့ ၅၀၀၀ ကြားကုန်လို့ရသည်။ ကိုယ်ချဲ့ရင် ချဲ့သလောက် ကုန်တာမို့ ဒါတော့ ကာယကံရှင်သဘော။
သုန့်သဘောကတော့ မင်္ဂလာဆောင်လို့ ရင်းလိုက်ရမဲ့ငွေတွေကို တအားနှမြောသည်.။ ကိုယ်ရှာတာပဲဖြစ်ဖြစ် သူရှာတာပဲဖြစ်ဖြစ် အဲ့ဒီအခမ်းအနားလိုမျိုးကြီးမှာသုံးလိုက်ရမှာ နည်းနည်းတော့နှမြောလှသည်။
မဖြစ်မနေ သေချာပေါက်ကုန်ဖြစ်မဲ့အရာပြောဆိုရင်တော့ မင်္ဂလာအမှတ်တရအဖြစ် မိဘမဲ့ကလေးကျောင်းမှာလှူဖို့ရည်ရွယ်ချက်ပဲရှိသည်။
ကိုယ်တွေ မင်္ဂလာပွဲအတွက်သိန်း ၁၀၀၀ တတ်နိုင်တယ်ထား သုန်ကတော့ သိန်း ၃၀၀ လောက်အကုန်ခံလိုက်မည်။ ၇၀၀ ကို ခရီးသွားပစ်လိုက်မည်။။။။
(ဥပမာပြောတာ :P)
ခမ်းခမ်းနားနားလေးလဲဖြစ် ကိုယ်လဲစိတ်တိုင်းကျ ငွေလဲချွှေတာစေတဲ့ နည်းတွေအများကြီးပါ။
တကယ်တော့ ...
ဒီအကြောင်းလေးကို ရေးမယ် ရေးမယ်နဲ့ တွေးဖြစ်တာတော့ကြာပါပီ။
တွေးဖြစ်တယ်ဆိုတာက အတွေးအမြင် ဗဟုသုတရေးတယ်ဆိုတာလဲ ကိုယ်တိုင်ကြုံတွေ့ခံစားဖူးမှ ပြန်ပြောပြရတဲ့အခါ အနှစ်အရသာပြည့်စုံတာလေ။
ဒါပေမဲ့လည်း နောက်ထပ်တစ်လလောက်နေရင် သီတင်းကျွတ်ပြီဆိုတော့က အိမ်ထောင်ပြုကြတော့မယ် မိတ်ဆွေတွေ သူငယ်ချင်းတွေ မင်္ဂလာဆောင်ကိစ္စတွေနဲ့ အလုပ်တွေရှုပ်ကြမှာကို နားလည်ကိုယ်ချင်းစာမိတယ်။
ဒါနဲ့ပဲ ကိုယ်တွေးသလိုမျိုး တွေးမိသူများရှိကြလေမလား .ဆိုပြီး ကိုယ့် Blog လေးကိုလဲ ရေသွားဖျန်းရင်းပါပဲ။
သုန်သုန်
07/09/16



No comments:
Post a Comment